မေတ္တာစာ
(၁) သည်ကနေ့ ရွာဟောင်းဘက်ဆီ ကိုသာအေးသွားရမည်။ အမေကြီး ကြီးဘုံ(ကြီးတော်ဘုံ) တစ်ယောက် သူ့စာကို မျှော်လှရှာရော့မည်။ သူ့စာမဟုတ်ပါဘူးလေ သူ့မြေးရဲ့စာပါ။ တကယ်ဆို ကြီးဘုံဆီကို ကိုသာအေး သွားသင့်တာကြာပြီ။ သွားရမှာကိုလည်း ၀န်လေးနေခဲ့သည်။ သည်လို ရွာဟောင်းက အမေအိုဆီ သူစာ သွားသွားပို့နေရတာ အခေါက်ခေါက် အခါခါ ရှိခဲ့ပါပြီ။ တစ်ခေါက်ဆို တစ်ခေါက် အမယ်အိုကို သူ သံယောဇဉ် ဖြစ်ရသလို အသနားလည်း ပိုမိရပါ၏။ နေ့ခင်းက နေပူလွန်းတာကြောင့် ညနေစောင်းကျမှ ရွာဟောင်းဘက် ထွက်ခဲ့ရ၏။ ရွာဟောင်းဆိုတာက ဝေးဝေးလံလံတော့မဟုတ်ပါ။ ညောင်ငုတ်တိုရွာက ပဲ့ကျန်ခဲ့သည့်ရြွာ ဖြစ်သည်။ မြစ်ကမ်းနားရွာဆိုတော့ မြစ်ရေ အတိုးကြမ်းသည့်နှစ်တစ်နှစ်တုန်းက ကမ်းပါးတွေ ပုတ်လုံး ကျီလုံးလောက် ပြိုကျခဲ့တာ တစ်လျှောက်ကြီး ။ နဂိုနေရာမှာ မြေဆိုလို့ ကမ်းပါးဆွယ်နေရာ…