စုန်းထီးကြီး ဦးဘသာနှင့် ခြေရာတစ်တောင် မောင်မဲခေါင်
အတွဲ(၂) စာစဉ် (၁၅) (၁) ကိုအေးတို့ အိမ်ခွဲနေလိုက်တော့ ဦးအောင်ရှိန်တို့အိမ်က ကျယ်သွားတယ်ဗျ၊ အရင်က ဦးအောင်ရှိန်တို့အပေါ်ထပ်မှာ ဦးအောင်ရှိန်တို့လင်မယားရယ်၊ ကိုအေးတို့လင်မယားရယ် နေကြတာမဟုတ်လား၊ အခုတော့ ဦးအောင်ရှိန်တို့လင်မယားပဲရှိတော့တာပေါ့၊ အောက်ထပ်မှာကျတော့ မနှင်းကြည်နဲ့ မိသက်နဲ့အတူတူနေကြတယ်လေ။ ဒါပေမယ့် မခင်ကြည်ကတော့ မပျက်ကွက်ပါဘူးဗျာ၊ မနက်မိုးမလင်းသေးဘူး၊ ဒီဘက်အိမ်ကိုရောက်လာပြီး ချက်ပြုတ်နေပြီဗျ၊ သူတို့က အိမ်သာခွဲနေပေမယ့် အိုးစားတော့မခွဲသေးဘူးပေါ့ဗျာ။ ဒီဘက်အိမ်မှာကလည်း မခင်ကြည်မှမရှိရင် လုပ်မယ့်ကိုင်မယ့်လူမှ မရှိတာပဲဗျာ။ ကျုပ်နဲ့ကိုအေးလည်း အတွဲမိနေတာပေါ့ဗျာ၊ တစ်ရက်တော့ ညနေစာစားမလို့လုပ်နေတုန်းကိုအေးက ယာခင်းထဲကပြန်လာပြီး သူတို့အိမ်ရှေ့ကနေကျုပ်ကိုအသာလက်လှမ်းပြတယ်ဗျ၊ နှုတ်ခမ်းကိုလည်း ရှူးရှူးဆိုပြီးလုပ်ပြတော့ တစ်ခုခုတော့ တစ်ခုခုပေါ့လေ၊ ကျုပ်လည်း သူ့ဆီအပြေးလာခဲ့တယ်၊ “ဟေ့ ခင်ကြည်ဘာလုပ်နေလဲ” “ထမင်းစားဖို့ပြင်နေတယ်လေဗျ၊ ဘာလဲသွားခေါ်ရမလား” “မခေါ်ပါနဲ့ကွာ၊ လာစမ်းပါ၊ မင်းအမဲသားစားလား” “စားတာပေါ့ဗျာ” “ကောင်းပြီ၊ လာ၊ ဒါဆို ငါ့အိမ်ထဲကိုဝင်”…
Read More “စုန်းထီးကြီး ဦးဘသာနှင့် ခြေရာတစ်တောင် မောင်မဲခေါင်” »