သက်နှင်းနှင့် သူ၏အရိပ်များ
“မိန်းမဆိုတာ ပညာအသင့်အတင့် တတ်ရင် တော်ပြီ၊ သိပ်တတ်နေလို့ မကောင်းဘူး။ တော်ကြာ သူတို့က ယောက်ျားနဲ့လာလာပြီး ခွာရာတိုင်းတတ်တဲ့ဟာတွေ” ဘမောင်စိန်က ငါးသုံးလုံးစီးကရက်ကို မီးညှိရင်း တွေးလေသည်။ သူက အတော်လေးချမ်းသာသည်။ သူ့အစွမ်းအစနှင့်တော့ မဟုတ်ပေ။ အဘိုးအဘွားတွေ၊ မိဘတွေ၏ အစွမ်းအစကြောင့် ဖြစ်လေသည်။ ကိုယ်တိုင်ရှာရန်ဖွေရန်မလိုဘဲ အဆင်သင့်ချမ်းသာပြီ ဆိုတော့လည်း ကောင်းကောင်းသုံး၍ ကောင်းကောင်းစားတတ်လေသည်။ တစ်ဦးတည်းသော အမွေခံသားဖြစ်ရသည်မှာ နည်းနည်းနောနောကုသိုလ် မဟုတ်ပေ။ သူကိုယ်တိုင်က ရုပ်ရည်သိပ်မချောသော်လည်း ဘမောင်စိန်သည် ချောချောလှလှ မိန်းကလေးများကို ကြိုက်တတ်သည်။ ငွေကလည်း ချမ်းသာ၊ ဝါသနာလေးကလည်း ပါသည်ဆိုတော့ အထူးအထွေ ပြောစရာအကြောင်း မရှိချေ။ သူရခဲ့ဖူးသော မိန်းမများလည်း အတော်လေး များလေသည်။ မိန်းမရခြင်းမှာ အိမ်ထောင်ပြုခြင်းမဟုတ်၍ လူတော့သိပ်မသိပေ။ အများအမြင်တွင်မူ သူဌေးသား လူပျိုသိုးကလေး ဘမောင်စိန်သာလျှင်…