လယ်ပိုင်ရှင် (စဆုံး)
(ဖြစ်ရပ်မှန်) (၁) ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းတွင် သာယာကုန်းဟူသည့် ရွာကလေးတစ်ရွာရှိသည်။ ရွာနာမည်က သာယာကုန်းဆိုသော်လည်း ထိုရွာကလေးမှာ ထင်သလောက်မသာယာလှပေ၊ သာယာကုန်းရွာကလေးတွင် ကိုဖိုးအေးနှင့် မချမ်းသာဟူသည့် လင်မယားနှစ်ယောက်နေထိုင်သည်။ ထိုရွာတွင် တစ်ရွာလုံးက ကိုဖိုးအေးအကြောင်းကို ပြောစမှတ်တွင်နေကြသည်။ ကိုဖိုးအေးက ယခင်က အထက်အညာတွင် လယ်စိုက်သည့် လယ်သမားဖြစ်သည်။ သို့သော် သူ့အသက် ဆယ့်ကိုးနှစ်လောက်တွင် မိဘနှစ်ပါး နေထိုင်မကောင်းဖြစ်ရာမှ ဆေးကုသရင်း လယ်အလုပ်လည်းဦးစီးမလုပ်နိုင်၊ ဆေးဖိုးငွေလိုသည့်အခါ လယ်များကိုပေါင်ရင်းကုသရသည်၊ ထို့နောက် မရွေးနိုင်တော့ လယ်များကိုရောင်းချရင်း ကုသရပြန်သည်။ နောက်ဆုံးတော့ အဖေဖြစ်သူက ပါးစောင်ကင်ဆာဖြင့် ကွယ်လွန်ခဲ့သလို အမေဖြစ်သူကလည်း နှလုံးရောဂါဖြင့်ပင် ရှေ့ဆင့်နောက်ဆင့်သေဆုံးသွားသည်။ လယ်မြေများဆုံးရုံသာမက အကြွေးများထူနေသည့် ကိုဖိုးအေးကို ကူကယ်နိုင်သူမရှိပေ၊ မိဘနှစ်ပါးသေဆုံးသည့်အခါ ရရှိသည့်နာရေးကူငွေများကို အကြွေးထိုးဆပ်ပြီး တစ်ရာမပြောင်းသူကောင်းမဖြစ်ဆိုသည့် စကားအတိုင်း အောက်ပြည်အောက်ရွာကို ဆင်းလာခဲ့တော့သည်။ ရွာဦးကျောင်းဆရာတော်ကို…