ပြောမပြတော့ပါဘူး (စဆုံး)
(ဖြစ်ရပ်မှန်ဆိုသော်လည်း ဇတ်လမ်းဇာတ်ကွက်များထပ်မံဖြည့်စွက်ရေးဖွဲ့ ထားပါသည်) (၁) ဆောင်းတွင်းဆိုသော်လည်း ရန်ကုန်ဆောင်းမှာ သိပ်မအေးမြပေ။ သို့သော် စာရေးသူတို့ ရပ်ကွက်က သစ်ရိပ်ဝါးရိပ်ကြီးများရှိပြီး တောင်ကုန်းလည်းဖြစ်နေတော့ မနက်ပိုင်းဆို ချမ်းအေးသည်။ လေကလဲတဖြူးဖြူးတိုက်နေသဖြင့် အိမ်ထဲကထွက်ပြီး အိမ်ရှေ့တွင်ထိုင်နေကာ ဖုန်းပွတ်နေလိုက်သည်။ ဆောင်းတွင်းလေ အေးအေးလေးနှင့် ဇိမ်ကျနေလျှက်ရှိသည်။ “ကတောင်” မက်ဆင်ဂျာတွင် သူငယ်ချင်းမဟုတ်သူ တစ်ယောက်တက်လာသည်။ သူက စကားပြောချင်လာသဖြင့် ကိုယ်ကလဲ လက်မပြန်ထောင်လိုက်ရသည်။ “ဆရာ ဖုန်းခေါ်လို့ရမလား” “ရတော့ရတယ်” ပုံမှန်ဆို မနက်စောစောစီးစီး သူများနှင့် ဖုန်းမပြောတတ်။ မကြာမီ သူကပင် မက်ဆင်ဂျာမှ ဖုန်းခေါ်လာလေသည်။ “ဟုတ်ကဲ့ ဆရာအဂ္ဂလား” “ဟုတ်ကဲ့” အသံက ယောက်ျားလေးအသံဖြစ်သော်လည်း အသံချိုချိုနှင့် ရှတတလေးဖြစ်နေသည်။ “ကျွန်တော့်ရဲ့ ထူးဆန်းတဲ့အတွေ့အကြုံကလေးကို ပြောပြချင်လို့ပါ” “ဟုတ်ကဲ့ ပြောကြည့်ပါ” ထိုသူက အတော်ကြာသည်အထိ စကားမထွက်လာတော့။…