မိုးတစ်ည (ဖြစ်ရပ်မှန်)
တင်လှိုင်နှင့်ဆုံတွေ့ခဲ့သူများ (၁) “ဒါဆိုရင်တော့သေချာနေပါပြီဆရာ” “ဘာကိုသေချာတာတုန်းဗျ” “ကျွန်တော်တွေ့ခဲ့တာ ဆရာပြောတဲ့ တင်လှိုင်ပဲဖြစ်ရမယ်” “ခေါင်းပြတ်လား” “ပြတ်တာမှဆရာရယ် လည်ပင်းကြီးမှာ အရိုးဖြူဖြူကြီးက ငေါငေါကြီးထွက်နေတာ” “ခင်ဗျားနာမည်ဘယ်လိုခေါ်လဲ” “ကိုလင်းလို့ပဲခေါ်ပါဆရာရယ်” ကိုလင်းက သာမန်ကုမ္မဏီဝန်ထမ်းတစ်ဦးပင်ဖြစ်သည်။ အချိန်ကာလာအားဖြင့် ၂၀၁၇ ခုနှစ်ခန့်ကဖြစ်သည်။ မိုးတွင်းဘက်ကြီးလဲဖြစ်၊ အင်္ဂလိပ်ပရီးမီးယားလိခ် ဘောလုံးပွဲစဉ်တွေကလဲ အလွန်ခေတ်ကောင်းနေသည့်အချိန်ဖြစ်သည်။ ကိုလင်းမှာ ဘောလုံးပွဲအလွန်ဝါသနာပါလေရာ ဘောလုံးရာသီဆိုလျှင်တော့ ကိုလင်းတို့ ညအိပ်ရေးပျက်ရသည်က များသည်။ ပွဲကောင်းတွေသာမက ဘောလုံးဝါသနာရှင်မို့ လာသမျှပွဲ မလွတ်တမ်းကြည့်သည်။ သို့သော် အိမ်တွင်ကြည့်ရသည်ကိုအားမရပေ။ ထို့ကြောင့် သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်များ၊ ဘီယာဆိုင်များတွင် အတူတူကြည့်ဖြစ်ကြလေသည်။ ဘောလုံးပွဲက ညည့်နက်မှလာသည်မို့ ညဘက်ခိုးဖွင့်သည့် ဘီယာဆိုင်နှင့်ဆိုလျှင်တော့ ကိုလင်းတို့နှင့် အံကိုက်ပင်ဖြစ်သည်။ ကိုလင်းက အင်းစိန်မြို့သစ်တွင်နေသည်။ မြို့သစ်မှနေ၍ သူငယ်ချင်းများရှိရာ ခဝဲခြံသို့ စက်ဘီးဖြင့် ဆေးဝါးစက်ရုံလမ်းအတိုင်းဖြတ်မောင်းလိုက်လျှင် သိပ်ပြီးမနင်းရ။ ထိုညက…