စုန်းထီးကြီး ဦးဘသာနှင့် ရေနွေးမကြိုက်တဲ့အညာသား
အတွဲ(၂) စာစဉ်(၆) (၁) ရေအေးကွင်းရွာထဲကို ဝင်လိုက်တော့ ရွာကလေးက အေးအေးချမ်းချမ်းပဲဗျ၊ ရေအေးကွင်းကားရပ်နားစခန်းနဲ့ ရေအေးကွင်းရွာနဲ့က ခပ်လှမ်းလှမ်းရယ်ဗျ၊ ဆက်တော့ ဆက်နေတာပေါ့ဗျာ၊ ရေအေးကွင်းရွာက အဲဒီကားရပ်နားစခန်းကြောင့် စီးပွားတော်တော်ဖြစ်နေတာတဲ့ဗျာ၊ အခုလည်း ဦးကြည်က ကျုပ်နဲ့ဦးဘသာကို ထမင်းစားဖိတ်ခေါ်ရင်းကနေ ကျုပ်တို့နဲ့အတူတူပါလာတဲ့ ဘုရားပျံဦးအောင်ရှိန်ရယ်၊ သူ့တပည့်ရယ်ကိုပါ ခေါ်လာတာပေါ့ဗျာ။ ရေအေးကွင်းရွာက ရွာကြီးဗျ၊ အိမ်ခြေရာခြေတွေလည်း တောင့်တောင့်တင်းတင်းဆောက်ထားကြရဲ့ဗျာ၊ ကားလမ်းပေါက်တယ်ဆိုတော့ အတော်လေးတိုးတက်တယ်လို့ပြောရမယ်၊ မကြာပါဘူး ကျုပ်တို့လှည်းက ခြံဝန်းကြီးတစ်ခုထဲကို မောင်းဝင်လာပါရောဗျာ၊ ခြံဝန်းကတော့ အတော်ကျယ်တယ်ဗျ၊ ခြံထဲမှာလည်း မန်ကျည်းရိပ်တွေနဲ့အုပ်အုပ်ဆိုင်းဆိုင်းပေါ့ဗျာ၊ ခြံအလယ်လောက်မှာတော့ သစ်သားအိမ်ကြီးတစ်အိမ်ရှိတယ်ဗျ၊ ခြေတံရှည်အိမ်ကြီးက ရှေးပုံစံကြီးဆောက်ထားတာ၊ တိုင်လုံးတွေဆိုရင်လည်း သစ်လုံးအတိုင်းကြီးတွေ ဆောက်ထားတာဗျို့။ “ဆရာကြီးတို့ ကျုပ်အိမ်ကိုရောက်ပါပြီ၊ ကြွကြပါ” ဦးကြည်ကတော့ ရိုးရိုးအေးအေးနေတယ်ဆိုပေမယ့် သူ့အိမ်ကိုကြည့်ပြီး အထိုက်အသင့်ချမ်းသာတဲ့လူလို့တွေးမိတယ်ဗျ၊ ကျုပ်တို့ကိုအိမ်ပေါ်ကိုမခေါ်သေးဘဲ အိမ်ရှေ့နားမှာခင်းထားတဲ့ ကွပ်ပျစ်မှာ ဖျာချောခင်းပြီးတော့…
Read More “စုန်းထီးကြီး ဦးဘသာနှင့် ရေနွေးမကြိုက်တဲ့အညာသား” »