နတ်မိစ္ဆာဖမ်းဆရာခမ်း နှင့် မိစ္ဆာတစ်ကောင်၏ နှလုံးသား
အပိုင်း (၁) (၁) တောင်တန်းကြီးကိုဖြတ်ကျော်လိုက်သည့်အခါ မိုက်လိုရွာကလေးကို တောင်ခြေမြေပြန့်တွင် အတိုင်းသားမြင်တွေ့လိုက်ရသည်။ ထိုတောင်ကြောကြီးက တစ်ချိန်ကသံချက်ဖိုကြီးများတည်ရှိသည့် တောင်ကြောကြီးဖြစ်သော်လည်း ယခုတော့ သံချက်ဖိုများကိုသိပ်မတွေ့ရတော့ပေ။ ငခမ်းက တောင်တန်းကြီးပေါ်မှဆင်းလာသည့်အခါ သူယခင်က သံတုံးများသယ်ဆောင်နေကျ သံချက်ဖိုဟောင်းကြီးအနားမှဖြတ်သန်းသွားလာမိသည်။ “မင်း၊ မင်း စိုင်းကွမ်ခမ်းမဟုတ်လား” တုန်ရီနေသည့်အသံက သူ့နောက်ကျောတွင် ပေါ်ပေါက်လာသဖြင့် ငခမ်းလှည်း လှည့်ကြည့်လိုက်သည်။ အိုမင်းနေသည့်် အဘိုးကြီးတစ်ယောက်က သူ့အနားသို့ တဖြည်းဖြည်းတိုးကပ်လာလေသည်။ “ခင်ဗျားကျုပ်ကိုမှတ်မိသေးတယ်လား” “မှတ်မိတာပေါ့ကွာ၊ အရင်တုန်းက မင်းတို့ စိုင်းဆေခမ်းပန်းပဲဖိုက ငါ့ဆီကနေသံတွေယူနေကျမဟုတ်လား၊ မင်းသံတောင်းကြီးနှစ်တောင်းကိုထမ်းသွားတဲ့ ပုံရိပ်က ငါ့မျက်လုံးထဲကနေ မထွက်သေးဘူး” “ဘယ်လိုလဲအဘကြီး သံမချက်တော့ဘူးလား” အဘိုးကြီးက ခေါင်းခါလိုက်သည်။ “ဒီတောင်တန်းကြီးတစ်ဝိုက်မှာ လူပျောက်မှုတွေ မကြာခဏဖြစ်ပြီးတော့ သံချက်ဖိုတွေကို မကောင်းဆိုးဝါးတွေ တိုက်ခိုက်တာခံရတယ်၊ ဒီလိုနဲ့ သံချက်ဖိုတွေ ကွယ်ပျောက်သွားခဲ့တာပဲ” “ဘယ်လိုမကောင်းဆိုးဝါးမျိုးပါလိမ့်” အဘိုးကြီးက ခေါင်းခါလိုက်သည်။…
Read More “နတ်မိစ္ဆာဖမ်းဆရာခမ်း နှင့် မိစ္ဆာတစ်ကောင်၏ နှလုံးသား” »