နတ်မိစ္ဆာဖမ်းဆရာခမ်းနှင့် တော်ဝင်ဝရမ်းပြေး
အပိုင်း (၁) (၁) ညည့်နက်နေပြီဖြစ်သည်မို့ တိုက်ခတ်နေသည့်လေညှင်းများက အေးမြနေသည်။ လမ်းနံဘေးတွင် ကွင်းပြင်ကြီးများသာရှိသဖြင့် လေကတဝူးဝူးဖြင့်တိုက်ခတ်လျှက်ရှိသည်။ လပြည့်ညနီးပြီဖြစ်သဖြင့် လမင်းကြီး၏ အလင်းရောင်က တောက်ပနေကာ တစ်လောကလုံးကိုလွှမ်းခြုံထားလျှက်ရှိသည်။ ညကောင်းကင်တွင် တိမ်ကင်းစင်လျှက်ရှိကာ ညည့်တွင်ကျက်စားသည့် ငှက်များက တစ်ချက်တစ်ချက်အော်ဟစ်ကာ ပျံသန်းနေလေသည်။ “ကျုပ်တို့ရောက်တော့မယ်မဟုတ်လားငခမ်း” မုန်တိုင်းကမေးလိုက်ရာ ငခမ်းက ခေါင်းညိတ်လိုက်သည်။ “ရှေ့နားတစ်ကွေ့ဆိုရင်ရောက်ပါပြီ မုန်တိုင်းရ” ငခမ်းအရှေ့တွင်ထိုင်စီးလျက်လိုက်ပါလာသည့်မိန်းကလေးမှာ ငိုက်မြည်းနေလေသည်။ “မင်းအိပ်နေပြီလား” ငခမ်းကမေးလိုက်တော့မှ ထိုမိန်းကလေးက လှုပ်ရှားလာလေသည်။ “မအိပ်ပါဘူးရှင်၊ ကျုပ်ပတ်ဝန်းကျင်ရဲ့ ရှုခင်းအလှအပကိုခံစားနေတာပါ” ထိုအခါ ငခမ်းက ရယ်မောလိုက်သည်။ “ဟား၊ ဟား၊ ဒီလောက်မှောင်နဲ့မည်းမည်းထဲမှာ မင်းက ဘာအလှအပတွေကို ခံစားနေတာလဲကွ” “ရှင်မသိဘဲမပြောနဲ့၊ လသာနေတဲ့ကောင်းကင်ကြီးရယ်၊ ကွင်းပြင်ထဲက ဖြတ်တိုက်လာတဲ့လေတွေရယ်၊ နောက်ပြီး ပိုးကောင်လေးတွေအော်မြည်နေတဲ့အသံရယ်က ဘယ်လောက်တောင်စိတ်ချမ်းသာစရာကောင်းလိုက်တဲ့ မြင်ကွင်းလဲရှင်” ငခမ်းက မုန်တိုင်းကိုကြည့်ပြီးမျက်ခုံးပင့်ပြလိုက်သည်။ “မင်းက…