စုန်းထီးကြီးဦးဘသာနှင့် ကဝေ ကျွေးတဲ့ ထမင်းဝိုင်း
အတွဲ(၂) စာစဉ် (၈) (၁) ကျုပ်တို့ခရီးဆက်လာရင်း လမ်းတစ်လျှောက်မှာတော့ အေးရာအေးကြောင်းပါပဲဗျာ၊ နောက်တော့ တောင်ကြီးတွေကို ဖြတ်လာရတယ်ဗျ၊ ကားလမ်းကလမ်း တောင်ဆင်းတောင်တက်နဲ့ ကျုပ်ဖြင့် အညာလို့ကိုမထင်ဘဲ ရှမ်းပြည်ဘက်ကို လမ်းမှားပြီး ရောက်လာသလားလို့ထင်မိတာ၊ ကျုပ်တို့ဒေသနဲ့ဘာမှမဆိုင်ဘူးဗျာ၊ သစ်တောကြီးတွေ၊ တောင်တန်းကြီးတွေနဲ့ နွေရာသီမှာတောင် သစ်တောတွေက စိမ်းစိုနေတာဗျ။ ကျုပ်လည်း ကားစီးလာရင်း ဆရာကြီးရှိန်ကို လက်တို့ပြီးတော့ မေးရတာပေါ့ဗျာ။ “ဆရာကြီး၊ ကျုပ်တို့ကားမှားစီးလာပြီး ရှမ်းပြည်ကိုများရောက်နေတာလား၊ အခုတောင်တွေပေါ်ကိုချည်းရောက်နေတာနော်ဗျ” ဦးအောင်ရှိန်က ကျုပ်ပြောတော့ အသံထွက်ပြီးတော့ပါရယ်တယ်ဗျ။ “မမှားပါဘူးငါ့တူရာ၊ ဒီလမ်းက ငါတို့သွားနေကြပါကွ” “မမှားဘူးဆိုတော့လည်း တော်သေးတာပေါ့ဗျာ၊ ကျုပ်ဖြင့် တစ်မှေးမှေးပြီး နိုးလာတော့ ရှမ်းပြည်တက်နေတယ်လို့ထင်သွားမိတာ” “ဟား၊ ဟား ဒါရှမ်းပြည်မဟုတ်ပါဘူးကွ၊ ငါတို့ရဲ့ ယောနယ်ကိုရောက်လာတာပါ” “ယောနယ်ကလည်း တောင်တွေချည်းဘဲနော်ဗျ” ကျုပ်လည်းမေးရင်း ပြတင်းပေါက်ကနေငေးကြည့်လာတာပေါ့ဗျာ၊ မြင်မြင်သမျှ တောင်တန်းတွေ…
Read More “စုန်းထီးကြီးဦးဘသာနှင့် ကဝေ ကျွေးတဲ့ ထမင်းဝိုင်း” »