မီးလျှံံကြားက ပန်းတစ်ပွင့်
အပိုင်း(၁၀) ဇာတ်သိမ်းပိုင်း ကျားလူမျိုးစုရွာကလေးအနီးမှ တောင်ကျချောင်းလေးတစ်ခုက တောအုပ်အတွင်းဖြတ်သန်းကာ တသွင်သွင်စီးဆင်းနေလေသည်။ ထိုတောင်ကျချောင်းကလေးတွင် ဘန်ဝါး၏ ရုပ်အလောင်းကို ဝါးဖောင်တစ်ခုပေါ်တွင် တင်ထားကာ အနီရောင်၊ အပြာရောင်၊ အရောင်အသွေးစံုံလှစွာ ဖူးပွင့်နေကြသည့် တောပန်းကလေးများနှင့် အလှဆင်ထားတော့သည်။ ဘန်ဝါးမှာ ထိုပန်းကလေးများအလယ်တွင် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ငြိမ်သက်စွာနှင့် လဲလျောင်းနေလေသည်။ ကဖောမှာ ဘန်ဝါး၏ရုပ်အလောင်းပေါ်သို့ ပန်းတစ်ပွင့်ကိုတင်လိုက်ပြီးနောက် “သွားပေတော့ ဘန်ဝါးရေ၊ နတ်ဘုရားတွေဆီသွားပြီးတော့ ရှင့်အဖေနဲ့ပြန်ပြီး ဆုံစည်းကြပါတော့။ ဒီမှာကျန်ခဲ့တဲ့ တာဝန်တွေကို ကျွန်မသေချာထမ်းဆောင်ပါ့မယ်၊ ရှင့်လိုလူကို ဆုံးရှုံးရတဲ့အတွက် ကျွန်မအလွန်ဝမ်းနည်းရပါတယ်” ကဖောက ပြောရင်း မျက်ရည်တွေ ကျလာတော့သည်။ လချေရှီးက ကဖောပုခုံးကို ဖက်ပေးထားလိုက်သည်။ ဘန်ဝါး၏ မိန်းမများနှင့် သားသမီးများအားလုံး ငိုကြွေးပြီးသည့်အခါတွင် ကျားလူမျိုးများက ဝါးဖောင်ကလေးကို ရေတွင်မျှောချလိုက်ရာ တောင်ကျချောင်းကလေးအတိုင်း တဖြည်းဖြည်း မျောပါစီးဆင်းသွားလေတော့သည်။ “မျိုးနွယ်စုတွေအားလုံုံးကို ချက်ချင်းသတင်းပို့လိုက်ကြ၊…