စုန်းထီးကြီး ဦးဘသာနှင့် အောင်မြင်သော အရှုံး
အတွဲ(၂) စာစဉ်(၉) (၁) မြင်းဇာရွာကလေးက သိပ်သာယာတာဗျ၊ ရွာရဲ့အနောက်ဘက်မှာတော့ မြစ်သာမြစ်ကြီးကရစ်ခွေပြီးစီးဆင်းနေတယ်၊ မြစ်ဆိုပေမယ့် ချောင်းကြီးတစ်ခုလောက်ရှိတယ်လို့ဆိုပေမယ့် ကျုပ်တို့လို မြစ်နားကမ်းနား မနေဘူးတဲ့သူတွေအတွက်တော့ မြစ်ကြီးတစ်စင်းလို့ပဲ မြင်မိပါတယ်ဗျာ၊ နွေရာသီဆိုတော့ ရေကအတော်နည်းနေပြီဗျ၊ လူကြီးတစ်ရပ်လောက်ပဲ ရှိတော့တာ၊ မြစ်ဘေးမှာတော့ နှမ်းတွေစိုက်ကြတဲ့ နှမ်းခင်းတွေရှိတယ်။ ရွာရဲ့အရှေ့ဘက်မှာတော့ တောင်တန်းကြီးတွေကို အတိုင်းသားမြင်နေရတယ်၊ ပြီးတော့ အုပ်ဆိုင်းနေတဲ့ သစ်တောကြီးတွေပေါ့ဗျာ၊ မြင်ဇားကနေ အရှေ့ဘက်ကိုသွားရင် တောင်ခြေရွာကလေးတွေရှိသေးတယ်လို့ပြောတယ်၊ မြင်းဇာအနီးမှာတော့ ကျော်ရွာ၊ မောက်လင်းရွာ၊ မောက်ရွာတွေလည်းရှိသေးတယ်။ ကျုပ်တို့ရောက်ပြီး နောက်တစ်နေ့ရောက်တော့ ဦးအောင်ရှိန်ကြီးက သူ့မိသားစုနဲ့မိတ်ဆက်ပေးတယ်ဗျ၊ ဦးအောင်ရှိန်ကြီးမှာ သမီးနှစ်ယောက်ရှိတယ်၊ အကြီးမက မခင်ကြည်တဲ့၊ အသက်က သုံးဆယ်ကျော်လောက်ပေါ့၊ အိမ်ထောင်ရှိတယ်၊ ကလေးတောင်မှ ဆယ်နှစ်ကျော်လောက်ရှိနေပြီထင်ပါ့၊ အငယ်မကျတော့ မနှင်းကြည်တဲ့ဗျ၊ အသက်က အစိတ်လောက်ရှိမယ်ထင်ပါ့၊ သူကတော့ ယောက်sm;မရှိသေးဘူး၊ အပျိုပေါ့ဗျာ။ အကြီးမ…