စုန်းထီးကြီး ဦးဘသာနှင့် ဆေးဆရာဦးမှတ်ကြီး
စာစဉ် (၂၆) (၁) ဆေးဆရာကြီး ဦးမှတ်ဆိုတာ ကျုပ်တို့ရွာရဲ့ဂုဏ်ဆောင် လက်စွဲ သမားတော်ကြီး တစ်ယောက်ပေါ့ဗျာ၊ ဟဲ ဟဲ ကျုပ်ပြောလိုက်လို့ အထင်ကြီးသွားပြီနဲ့တူတယ်၊ ကျုပ်က တမင်ရွဲ့ပြောတာဗျ၊ ဦးမှတ်က ကျုပ်တို့ရွာသူနဲ့အိမ်ထောင်ကျလို့သာ ကျုပ်တို့ရွာမှာရောက်နေတာပါဗျာ၊ ပြီးတော့ အဲဒီတုန်းကလည်း ဆေးရုံဆေးခန်းဆိုတာ ဝေးတယ်မဟုတ်လား၊ ကျုပ်တို့လို တောသူတောင်သားတွေမှာ ဆေးပညာဗဟုသုတကလည်းမရှိဆိုတော့ တစ်ခုခုဖြစ်ရင် ဆေးဆရာဦးမှတ်ဆီကိုပဲ ပြေးသွားကြရတာဗျ၊ ဒါကြောင့် သူက အော်တိုမတ်တစ် ဆေးဆရာဖြစ်သွားတာပေါ့ဗျာ၊ ဇာဂနာရဲ့ စကားနဲ့ပြောရင် အော်တိုဆေးဆရာပေါ့။ သူ့ကိုသာ ဦးမှတ်လို့ခေါ်ကြပေမယ့် သူ့နာမည်အရင်းကတော့ ဒီလိုမဟုတ်ပါဘူးဗျာ၊ ကျုပ်တို့ရွာကလူတွေက အဲဒီလိုနာမည်ပြောင်တွေခေါ်ကြတာမဟုတ်လား၊ ဦးမှတ်လက်ဖျံမှာ အနီရောင်အမှတ်တစ်ခုပါတယ်ဗျ၊ ဒါကြောင့် ငယ်ငယ်ကတည်းက မောင်မှတ်လို့ နာမည်ပြောင်ခေါ်ရင်းနဲ့ ကြီးလာတော့ ဦးမှတ်ဖြစ်သွားတာပေါ့ဗျာ၊ ကျုပ်တို့လိုနောက်ပေါက်တွေကျတော့ သူ့ကိုလေးစားသမှုနဲ့ ဦးမှတ်ကြီးလို့ ခေါ်ကြတာဗျ၊ တကယ်က သူ့လက်ကအမှတ်ကလည်း…