မုဆိုးကြီးတောကျော်ပါဝင်သော ဆေးတောင်ကြီးမှ ငါးပြေမဂမုန်း – အပိုင်း (၃) ဇာတ်သိမ်း
အပိုင်း (၃) ဇာတ်သိမ်း (၁) ယမန်နေ့က မိုးရွာသွန်းထားသဖြင့် တောအုပ်ကြီးတစ်ခုလုံးမှာ စိမ်းစိုနေလျှက် သစ်ပင်၊ မြက်ပင်များမှာလည်း လန်းဆန်းနေလေသည်။ သစ်ရွက်များနှင့် မြက်ပင်ဖျားတို့မှာ ရေစက်ကလေးများမှာ တွဲလောင်းခိုလျှက် တစ်စက်စက်နှင့် ကျနေလေသည်။ နက်ရှိုင်းလှသည့် တောအုပ်ကြီးကို ဖြတ်သန်းနေစဉ်မှာပင် မုဆိုးကြီးတောကျော်က ခြေထောက်များကို စုံရပ်တန့်လိုက်ပြီးနောက် အသာထိုင်ချလိုက်လေရာ သူ့အနောက်မှလိုက်ပါလာသည့် ဦးဘိုးလူနှင့် ကိုဘဖေတို့မှာလည်း ဘာလုပ်ရမှန်းမသိတော့ဘဲ မုဆိုးကြီးထိုင်ချလိုက်သည့်အတိုင်း ထိုင်ချလိုက်လေသည်။ ဦးဘိုးလူက ဦးတောကျော်အနီးသို့တိုးကပ်လိုက်ပြီး “မုဆိုးကြီး၊ ဘာတွေ့လို့လည်းဗျ” “ကျုပ်တို့အတွက် မနက်စာပေါ့ဗျာ၊ ဟိုမှာကြည့်လိုက်” ဦးတောကျော်က ဦးဘိုးလူကို တစ်နေရာကိုထိုးပြလိုက်လေရာ ဦးဘိုးလူမှာလည်း ထိုနေရာသို့ကြည့်လိုက်မိသည်။ သစ်ပင်ကြီးများ အနည်းငယ်ကျဲနေသည့်နေရာတွင် အပင်ငယ်ကလေးများမှာ ပေါက်ရောက်နေကြသည်။ ထိုအပင်ငယ်ကလေးများတွင် အပွင့်ဖြူဖြူများပွင်ahနကြပြီး ဝတ်ဆံများမှာ အဝါရောင်သန်းနေလေသည်။ ထိုအပွင့်ကလေးများကို ပုတ်သင်များက လာရောက်စားသောက်နေလေသည်။ “ပုတ်သင်ညိုတွေလား” “ဟာ၊…
Read More “မုဆိုးကြီးတောကျော်ပါဝင်သော ဆေးတောင်ကြီးမှ ငါးပြေမဂမုန်း – အပိုင်း (၃) ဇာတ်သိမ်း” »