စုန်းထီးကြီးဦဘသာနှင့် မျောက်ဖြစ်သွားသောကလေးများ
(၁) ဦးဘသာအကြောင်း ဆက်ကြအုံးစို့ဗျာ၊ အကြောင်းအရာခေါင်းစဉ်ကိုပြောလိုက်တာနဲ့ ခင်ဗျားတို့တော်တော်စိတ်ဝင်စားသွားကြတယ်မဟုတ်လား၊ ဒီအဖြစ်က တကယ်ဗျ။ တကယ်ဖြစ်ခဲ့တယ်လို့ ပြောရတာထက်စာရင် ကျုပ်ကိုယ်တိုင်ဖြစ်ခဲ့တဲ့ ကိုယ်တွေ့လို့ပြောရင် ပိုမှန်မယ်ဗျ။ ဒီအကြောင်းမပြောခင် ဦးဘသာအကြောင်း နည်းနည်းပြောပြအုံးမယ်ဗျာ။ ဦးဘသာကြီးက စုန်းမှန်းမသိအောင်ကို အနေရိုးပြီး အေးလွန်းတဲ့သူကြီးပါ၊ အမြဲတမ်းကွမ်းကြီးငုံထားပြီးတော့ ခပ်ပြုံးပြုံးကြီးနဲ့ နေတတ်သူကြီးပေါ့၊ ရွာကလူတွေကတော့ သူ့ကိုစုန်းလို့ သိတဲ့လူလည်းရှိတယ်၊ မသိတဲ့လူလည်းရှိတယ်၊ မျက်စိနဲ့တပ်အပ်မမြင်ရလို့မယုံကြတဲ့သူတွေလည်းရှိတာပေါ့၊ ကျုပ်တို့ခေတ်က စုန်းတို့၊ ကဝေတို့၊ သိုက်နန်းရှင်တို့၊ သရဲတို့ဆိုတာ ပိတ်ပင်ထားတဲ့အရာတွေပေါ့ဗျာ၊ ကျုပ်တို့ငယ်ငယ်ကတော့ စုန်းကားတွေဘာတွေ ကြည့်လိုက်ကြရသေးတယ်၊ သိုက်နန်းတွေအကြောင်းရိုက်ထားတဲ့ ရာဇဝင်ကားတွေဆိုရင် အရမ်းကြည့်ကောင်းတာဗျ၊ ကြုံတုန်းပြောရအုံးမယ် ကျုပ်တို့ငယ်ငယ်က ရုပ်ရှင်ကြည့်ချင်ရင် အခုခေတ်ပွဲတွေသွင်းသလို ပွဲခေါ်သွင်းရတာဗျ၊ ယာယီဆောက်ထားတဲ့ရုပ်ရှင်ရုံထဲမှာ ညဘက်ကျတော့ရုပ်ရှင်ပြစက်နဲ့ပြတာ၊ ရုပ်ရှင်ကားအဟောင်းတွေများပါတယ်ဗျာ။ လူကြီးတွေကတော့ အချစ်ကားတွေဘာတွေကြိုက်တယ်၊ ကျုပ်တို့ကလေးတွေကျတော့ သေနတ်ပစ်တဲ့ကားတို့၊ ဓါးခုတ်တဲ့ကားတို့၊ သိုက်နန်းရှင်ကား၊ နတ်ကားပေါ့။ မှတ်မှတ်ရရဆို…
Read More “စုန်းထီးကြီးဦဘသာနှင့် မျောက်ဖြစ်သွားသောကလေးများ” »