ရထားပေါ်ကမိသားစု (စဆုံး)
(၁) “ဘော် . . ဘော်” နောက်ဆုံးမြို့ပတ်ရထားကြီးက ဥသြရှည်ကြီးကိုဆွဲပြီးနောက် ဘူတာအတွင်းသို့ဝင်ခဲ့သည်။ ယခုရပ်သည့်ဘူတာမှာ မင်္ဂလာဒုံဈေးဘူတာဖြစ်သည်။ ကျောက်ရေတွင်းမှထွက်လာသော နောက်ဆုံးရထားမှာ အင်းစိန်ဘူတာသို့ ညအိပ်ရန်အတွက် နောက်ဆုံးအကြိမ်ထွက်ခဲ့ခြင်းဖြစ်သည်။ အချိန်မှာ ညကိုးနာရီခန့်ဖြစ်သည်။ နောက်ဆုံးရထားဖြစ်တော့ ထုံးစံအတိုင်း လူသိပ်မပါတော့။ အချို့တွဲများက ဗလာတွဲများဖြစ်နေသည်။ မိန်းကလေးများနှင့် အချို့လူများမှာတော့ လုံခြုံရေးအတွက် ရဲပါသော နောက်ဆုံးရထားတွဲတွင် သွားရောက်စီးနင်းကြလေ့ရှိသည်။ ဦးအောင်မြင့်က ရထားဝန်ထမ်းဖြစ်သည်။ လက်မှတ်စစ်ဆေးရသည့်အလုပ်ကိုလုပ်ကိုင်သည်။ များသောအားဖြင့် နောက်ဆုံးရထားထွက်ပြီးပါက ဘူတာများပိတ်ကြလေ့ရှိရာ နောက်ဆုံးရထားစီးသူများအချို့သည် လက်မှတ်ဝယ်လေ့မရှိကြပေ။ ယခုလဲ မင်္ဂလာဒုံဈေးဘူတာတွင် ရထားရပ်လိုက်ပြီး လူသုံးလေးယောက်ခန့် တက်လာသည်ကိုမြင်ရသည်မို့ လက်မှတ်စစ်ရန်အတွက် ရထားခေါင်းတွဲမှနေ၍ တစ်တွဲခြင်း ကူးလာခဲ့ပြီး လတ်မှတ်များကိုလိုက်စစ်ရသည်။ နောက်ဆုံးရထားမို့ လူရှင်းနေကာ အချို့တွဲများတွင် လူ သုံးလေးယောက်ခန့်သာ ပါပြီး အများစုမှာ သူငယ်ချင်းများ အသိမိတ်ဆွေများဖြစ်ကာ…