နတ်မိစ္ဆာဖမ်းဆရာခမ်းနှင့် စည်သူ၏အမိုက်ဇာတ်သိမ်း
အပိုင်း (၄) “ငါသခင်ကြီးကို အယုံသွင်းရမယ်၊ ပြီးရင် ဒီထဲကနေထွက်ပြေးရမယ်” နောက်ရက်များတွင် စည်သူအား လေးစားသွားသူမှာ နွားကြီးဖြစ်သည်။ ကြက်ဖနှင့် နွားကြီးမှာ ညီအကိုတော်စပ်သည်ဟုဆိုသည်။ သို့သော် ညီအကိုအရင်းများတော့မဟုတ်ကြပေ။ “ဒီလိုဗျ၊ ကျုပ်တို့ရွာကလေးက အေးအေးချမ်းချမ်းရှိတဲ့ရွာကလေးပါ၊ ဒါပေမယ့် ဒုတိယအင်္ဂလိပ်ဗမာစစ်ပွဲဖြစ်တော့ ကျုပ်တို့ရွာက လူတော်တော်များများစစ်ထဲပါသွားကြတယ်၊ ကျုပ်နဲ့ ကြက်ဖနဲ့က စစ်အတွင်းမှာ တွေ့ကြတာပေါ့ဗျာ၊ ဒီလိုနဲ့ ရန်ကုန်တိုက်ပွဲမှာ ကျုပ်တို့မရှုမလှရှုံးကြတယ်၊ အဲဒီမှာ ကျုပ်တို့တပ်ပျက်သွားတာပဲဗျာ၊ တောကြီးအတွင်းမှာ ပြေးလွှားကြရင်း နောက်ဆုံး ကျုပ်နဲ့ ကြက်ဖနှစ်ယောက်သာ ပြန်နိုင်ခဲ့ကြတယ်၊ ကြက်ဖက လူပေလူတေတစ်ယောက်ပါ၊ ဒါနဲ့ ကျုပ်တို့ရွာကို ကြက်ဖကို ခေါ်သွားတာပေါ့ဗျာ” “ဒါပေမယ့် ကျုပ်တို့ရွာရောက်တော့ ရွာကမရှိတော့ဘူးဗျ၊ အိမ်တွေ လယ်တွေအကုန်မီးသင့်နေခဲ့တာ၊ ဒါနဲ့အနီးအနားက ရွာတွေကို မေးကြည့်တော့ တောင်ပေါ်ကနေဆင်းလာပြီးတိုက်တဲ့ ဓါးပြတွေလက်ချက်ဆိုတာ သိလိုက်ရတယ်လေ” “အဲဒီဓါးပြတွေဆိုတာကလည်း…
Read More “နတ်မိစ္ဆာဖမ်းဆရာခမ်းနှင့် စည်သူ၏အမိုက်ဇာတ်သိမ်း” »