စုန်းထီးကြီး ဦးဘသာနှင့် ရုက္ခစိုး မကယ်နိုင်ပေါင်
အတွဲ(၂) စာစဉ် (၁၈) (၁) ကိုအေးရယ်၊ ကျုပ်ရယ်၊ ရင်မောင်ရယ် သုံးယောက်သား အရက်ဆိုင်မှာထိုင်ပြီး လျက်ဆားသုပ်လေးစားလိုက် စကားလေးပြောလိုက်နဲ့ အရှိန်ရနေတာပေါ့ဗျာ။ “ခင်ကြည်ကို ငါဘယ်လိုယူခဲ့သလဲဆိုတာ မင်းတို့သိလား” “ဪ၊ မသိပါဘူးဆိုနေမှဗျာ” “ဒါဆိုရင်လည်း မင်းတို့သိအောင်ပြောပြမယ်၊ မင်းတို့သိထားတဲ့အတိုင်းငါဆိုတဲ့ကောင်က အဲဒီတုန်းက လူမိုက်ပေါ့ကွာ၊ ရွာက ခင်ကြည်မပြောနဲ့တခြားအပျိုတောင် လှည့်မကြည့်တဲ့ကောင်၊ ဘာလို့လှည့်မကြည့်တာလဲဆိုတာ မင်းတို့သိလား” ကျုပ်နဲ့ရင်မောင်နဲ့ခေါင်းခါလိုက်တယ်ဗျ။ “အေး၊ ငါက အရက်တွေနင်းကန်သောက်ပြီးတော့ ပုဆိုးမပါဘဲလမ်းဘေးမှာ မူးမူးပြီးလဲနေလို့ လှည့်မကြည့်ရဲတာကွ၊ ဟား၊ ဟား” “ကိုအေးကတော့ လုပ်ပြီဗျာ၊ ခင်ဗျားကပျော်ပေမယ့် ဒီတစ်ယောက်က မပျော်နိုင်ဘူးဗျ” ကျုပ်လည်း ရင်မောင်ကိုလက်ညှိုးထိုးပြလိုက်တာပေါ့ဗျာ၊ ရင်မောင်ကလည်း အရက်တွေသောက်ပြီးတော့ ရေနစ်ထားတဲ့လင်းတအိုကြီး သစ်ငုတ်မှာထိုင်ပြီး မှိုင်နေသလို မှိုင်နေတာဗျ၊ ကိုအေးကလည်း ရယ်တာရပ်လိုက်ပြီး “အေးပါကွာ၊ မင်းတို့စိတ်ညစ်ပြေအောင်လို့ ငါကပြောလိုက်တာပါ၊ ထားပါတော့၊…
Read More “စုန်းထီးကြီး ဦးဘသာနှင့် ရုက္ခစိုး မကယ်နိုင်ပေါင်” »