စုန်းထီးကြီး ဦးဘသာနှင့် ဆင်ကွပ်မကြည်
(၁) ဦးဘသာကြီးအကြောင်းပြောရင်းနဲ့ တော်တော်ရောက်လာခဲ့ပြီ၊ ဒီတစ်ခါတော့ ကျုပ်ကိုယ်တွေ့ကြုံခဲ့ရတဲ့ ဦးဘသာနဲ့ ပညာပြိုင်ခဲ့တဲ့ စုန်းမတစ်ယောက်အကြောင်းဗျ၊ ပြောရမယ်ဆိုရင် ကျုပ်အသက် ဆယ့်ငါးနှစ်လောက်ကပေါ့ဗျာ။ ကျုပ်တို့ဆီမှာက အစိုးရကျောင်းမရှိဘူးဗျ၊ ကျောင်းဆိုရင် ကျုပ်တို့ရွာနဲ့ ရှစ်မိုင်ဝေးတဲ့ တန်းမြင့်ကျေးရွာက မူလတန်းကျောင်းကို သွားတက်ရတယ်၊ ဒါပေမယ့် အဲဒီကျောင်းကလည်း ပေတိပေစုတ်ပါ၊ ဆရာလည်း တစ်ယောက်နှစ်ယောက်လားရှိတာဆိုတော့ ကျုပ်တို့လိုဝေးတဲ့သူတွေက ကျောင်းကို တကူးတကသွားမတက်ကြဘူးဗျ။ ကျုပ်တို့မိဘတွေကလည်း မထားပေးဘူး၊ သူတို့လည်း အစိုးရကျောင်းနေခဲ့ရတာမှ မဟုတ်တာ၊ ဒါကြောင့် ရွာက ယောက်ျားလေးတွေဆိုရင် ဆယ်နှစ်လောက်ဆိုတာနဲ့ ထုံးစံအတိုင်း ဘုန်းကြီးကျောင်းကိုပို့တာပေါ့ဗျာ။ ဘုန်းကြီးကျောင်းဆိုလို့ သိပ်လွယ်တယ်မထင်နဲ့ကိုယ့်လူ၊ ဘုန်းကြီးကျောင်းမှာက မြန်မာစာသင်တယ်၊ ပါဠိသင်တယ်၊ နောက်ပြီး ဘုရားစာတွေသင်တယ်၊ ဗေဒင်သင်တယ်၊ ဆေးပညာသင်တယ်ဗျာ၊ ခုခေတ်နဲ့ပြောရရင်တော့ ဘာသာတွဲတွေပေါ့ဗျာ။ ဘုန်းကြီးကျောင်းမှာသင်တဲ့ သဂြိုလ်တို့၊ သဒ္ဒါဆို့ဆိုတာ သိပ်ခက်တာဗျာ၊ ကျုပ်တို့မှာ ဘုန်းကြီးကျောင်းတက်ခဲ့ပေမယ့်…