စုန်းထီးကြီး ဦးဘသာနှင့် သရဲမွေးတဲ့ ကိုဘအေး
အတွဲ(၃) စာစဉ် (၁၅) (၁) ဟိုနေ့က ခင်ဗျားတို့ကို မယဉ်အကြောင်းပြောပြမယ်ဆိုပြီး ပြောဖူးတယ်မဟုတ်လားဗျ၊ ဒါပေမယ့် မယဉ်အကြောင်းမပြောခင်မှာ ကိုဘအေးဆိုတဲ့လူအကြောင်း အရင်ပြောမှ ခင်ဗျားတို့ဇာတ်ရည်လယ်မှာဗျို့၊ ကိုဘအေးဆိုတဲ့လူက မယဉ်ရဲ့အကိုပေါ့ဗျာ၊ ကျုပ်တို့တော့ မမှီလိုက်ပါဘူး၊ ကျုပ်တို့ ခပ်ငယ်ငယ်မှာပဲ ကိုဘအေးက သေသွားခဲ့ပါပြီ၊ ဒီအကြောင်းတွေကတော့ အဖေပြောဖူးတာတွေ၊ အမေပြောဖူးတဲ့အကြောင်းတွေကို ကျုပ်ကပြန်ပြောပြတာပါ။ ကျုပ်တို့ရွာအရှေ့ပိုင်းမှာ ကိုဘအေးနဲ့ မယဉ်ဆိုတဲ့ မောင်နှမနှစ်ယောက်ရှိတယ်ဗျ၊ သူတို့မိဘတွေက ကိုဘအေးတို့ အသက်ဆယ်နှစ်လောက်ကတည်းက မြိုင်သာကို ပဲရောင်းသွားကြပြီး ငွေတွေရလာလို့အပြန်၊ လမ်းမှာ ဓါးပြတိုက်ခံရပြီးတော့ ဓါးပြတွေသတ်လို့ သေပါရောလားဗျာ၊ အဲဒီတော့ ကိုဘအေးနဲ့ မယဉ်နဲ့ မောင်နှမနှစ်ယောက်ပဲ ကျန်ခဲ့တာပေါ့ဗျာ။ ဖြစ်ချင်တော့ ကိုဘအေးတို့ရဲ့ယာခင်းတွေကို ဘုရားဒကာကြီး ဦးဘဖြူဆီမှာ အပေါင်ထားတာဆိုပဲတဲ့ဗျာ၊ သူတို့မိဘတွေ နာရေးနဲ့ တခြားအသုံးစရိတ်တွေသုံးလိုက်ရတာကြောင့် ဦးဘဖြူက ထုံးစံအတိုင်း ကိုဘအေးတို့ယာခင်းတွေကိုသိမ်းပြိး…