စုန်းထီးကြီး ဦးဘသာနှင့် စိန်ရင်တစ်ခွက်စန်းတုတ်တစ်ခွက်
အတွဲ(၄) စာစဉ်(၂) (၁) အခုတလောကျုပ်အသိချင်ဆးအရာကိုပြောပါဆိုရင်တော့ ဦးဘသာအမေ ဒေါ်ပျင်းကြီးနဲ့ ဒေါ်ပျင်းအမေ အဘွားကြီးအကြောင်းပဲဗျ၊ ဘာလို့သိချင်တာလဲဆိုရင်တော့ ဦးဘသာကြီးနဲ့ဆက်စပ်မှုရှိနေတယ်မဟုတ်လား၊ ဒီတော့ အဖေ့ကိုပဲ မေးစမ်းကြည့်ရတာပေါ့ဗျာ။ “အဖေ၊ ဒေါ်ပျင်းကြီးအကြောင်း အဖေသိသလား” မနက်စောစော အဖေက ရေနွေးကြမ်းသောက်နေရင်း ကျုပ်ကိုထူးဆန်းသလိုနဲ့ကြည့်တယ်ဗျ။ “ဒေါ်ပျင်းအကြောင်းသိချင်တာများ၊ မင်းရဲ့ ဦးဘသာကိုသွားမေးပါလားကွ” “ဟာ၊ အဖေကလည်းဗျာ၊ ဦးဘသာက သူ့အမေအကြောင်းမေးရင် မပြောတာများတယ်ဗျ” “မပြောဆို၊ ဘယ်သူမှ မပြောရဲကြတာကိုးကွ” ကျုပ်လည်း အဖေ့ရှေ့ကိုဝင်ထိုင်လိုက်တယ်။ “ဘာဖြစ်လို့ လူတွေက ဒေါ်ပျင်းအကြောင်းဆိုရင် မပြောရဲကြတာလဲဗျ” “ဒေါ်ပျင်းက စုန်းမကြီးကိုကွ၊ ငါတို့ငယ်ငယ်တုန်းကဆိုရင် ဒေါ်ပျင်းအသံကြားတာနဲ့ သိပ်ကြောက်ခဲ့ရတာ၊ ဒေါ်ပျင်းက အရှေ့ခုနစ်အိမ်၊ အနောက်ခုနစ်အိမ် ပြောတာမှန်သမျှကြားရတယ်ဆိုပဲကွ၊ နောက်ပြီး သူ့မကောင်းကြောင်းပြောတာနဲ့ အဲဒီလူတစ်ခုခုဖြစ်တတ်တယ်ဆိုတော့ ဘယ်သူမှ မပြောဝံံ့ဘူးပေါ့ကွာ၊ ဒီအကြောင်းတွေသိချင်ရင် မင်းအမေကိုမေးကြည့်ပေါ့” အဖေပြောနေတုန်းမှာပဲ အမေက…
Read More “စုန်းထီးကြီး ဦးဘသာနှင့် စိန်ရင်တစ်ခွက်စန်းတုတ်တစ်ခွက်” »