စုန်းထီးကြီးဦးဘသာနှင့် သူတော်ကြောင်ရသေ့ကြီး
အတွဲ(၃) စာစဉ် (၂) (၁) အနောက်ဘက်က လွမ်းစေတီကလေးရှိတဲ့ တောတန်းထဲမှာ ရောက်နေတဲ့ရသေ့ကြီး က ရိုးမှရိုးရဲ့လားလို့၊ ဦးဘသာကပြောတော့မှ ကျုပ်လည်းစဉ်းစားမိတယ်ဗျ၊ ရသေ့ကြီးက ရသေ့လို့သာဆိုတယ် ဘာမှကြည်ညိုစရာမရှိဘူး၊ ဖန်ရည်ဆိုးထားတဲ့ သင်္ကန်းဝတ်ထားတာပဲရှိတာမဟုတ်လား၊ ပြီးတော့ ကျုပ်နဲ့ မောင်သိန်းနဲ့ စားစရာတွေသွားလှူပြီးတော့ ထိုင်ကန်တော့တာတောင်မှ ဘာမှမပြောဘူးလေ၊ အမှန်ဆို ဒီရသေ့ကြီးက ကျုပ်တို့ရွာက ဦးဇင်းတွေလို ဆုတွေမပေးတတ်ဘူးဆိုရင်တောင်မှ လူကြီးတွေလိုတော့ ကျန်းမာပါစေ၊ ချမ်းသာပါစေလောက်တော့ ဆုပေးရမယ်မဟုတ်လား။ နောက်ပြီးတော့ ထူးဆန်းတာက တူရွင်းတစ်လက်နဲ့ တူးဆွနေတာပဲဗျာ၊ ကျုပ်မေးလိုက်တော့လည်း သစ်ပင်စိုက်မလို့လို့ ပြောသေးတယ်မဟုတ်လား၊ ဒီလောက်သစ်ပင်တွေအလေ့ကျပေါက်နေတဲ့တောထဲမှာ သူက ဘာအပင်စိုက်ချင်တာလဲဗျ၊ ကျုပ်လည်းအဲဒီတုန်းက ဒီအတိုင်းပဲခေါင်းညိတ်လိုက်ပေမယ့် သူ့စကားက သေချာစဉ်းစားလေလေ လုံး၀အဓိပါယ်မရှိလေပဲဗျာ။ ကျုပ်လည်း စဉ်းစားရခက်နေတာနဲ့ ကွမ်းထိုင်ဝါးရင်း ကွင်းပြင်ကိုငေးကြည့်နေတဲ့ ဦးဘသာကြီးကိုပဲ မေးလိုက်ရတာပေါ့ဗျာ။ “ဦးဘသာ တစ်ခုခုပြောပါအုံးဗျ၊…