အတွဲ(၃) စာစဉ် (၁)
(၁)
ရွာပြန်ရောက်တော့ မိုးဦးကျနေပြီပေါ့ဗျာ၊ ဒါပေမယ့် မိုးက ကောင်းကောင်းမရွာသေးတော့ လယ်ထွန်လို့တော့မရသေးဘူးပေါ့၊ မိုးဖြိုင်ဖြိုင်ရွာပြီး မြေသားနည်းနည်းပျော့ပြီးထွေးလာတော့မှ လယ်ထွန်ကောင်းတာမဟုတ်လား၊ ဒါပေမယ့်လည်း မကြာခင်စိုက်ကြပျိုးကြတော့မှာဆိုတော့ လယ်တွေကိုတော့ပြင်နေပြီပေါ့ဗျာ။
မိုးဦးကျဆိုပေမယ့် နေ့တိုင်းမိုးမရွာဘူးဆိုတော့ ကျုပ်တို့လည်း လယ်ပြင်ရင်းနဲ့ လယ်ထဲလူတွေစုမိတာပေါ့ဗျာ၊ နေကလည်းပူတာဆိုတော့ နေ့လည်ကျတော့ နွားတွေဖြုတ်ပြီး သစ်ပင်ရိပ်အောက်မှာ စုထိုင်မိတာပေါ့၊ ရွာက ကာလသားတွေရော၊ လယ်ထဲဆင်းကြတဲ့ လယ်သမားတွေရောပေါ့ဗျာ၊ အားလုံးကတော့ ယောက်ျားလေးတွေချည်းပါပဲ။
“မိန်းကလေးတွေဆုံရင်အတင်း၊ ယောက်ျားတွေဆုံရင် အဖျင်း” ဆိုတဲ့စကားအတိုင်း ယောက်ျားတွေချည်းစုမိပြီဆိုတော့ ဟိုအကြောင်းပြော၊ ဒီအကြောင်းပြောနဲ့ မိန်းမတွေအကြောင်းလည်း ပြောကြဆိုကြတာပေါ့ဗျာ။
ပြောနေကြရင်း ပီယဆေးတွေအကြောင်းဘက် ရောက်သွားပါရော၊ ဒီတော့ မောင်သိန်းဆိုတဲ့ ကာလသားက သူ့အိတ်ထဲထည့်ထားတဲ့ လက်ကိုင်ပုဝါကလေးကို ဖြန့်ပြတယ်ဗျ၊ အဲဒီလက်ကိုင်ပုဝါကလေးထဲမှာ အိမ်မြှောင်အမြှီးနှစ်ခွကလေးလည်း ပါတယ်ဗျို့။
“ဟာ မောင်သိန်း၊ အဲဒါဘာလဲကွ”
“တွေ့နေရဲ့သားနဲ့ဗျာ၊ ဒါ အိမ်မြှောင်အမြီးနှစ်ခွဗျ၊ ဆောင်ထားရင် မျက်နှာပွင့်တယ်၊ လူချစ်လူခင်များတယ်၊ မိန်းကလေးတွေနဲ့တွေ့ရင်တော့ဗျာ ဟဲ . . ဟဲ”
ကျုပ်လည်းတော်တော်စိတ်ဝင်စားသွားတာပေါ့ဗျာ။
“မောင်သိန်း၊ မင်းဟာက တစ်ကယ်ရောဟုတ်ရဲ့လားကွ”
မောင်သိန်းက ကျုပ်တို့ထက်ကြီးလည်း သုံးလေးနှစ်ပေါ့ဗျာ၊ ရွာမှာတော့ မောင်သိန်းခေါ်တာနဲ့ ကျုပ်လည်း မောင်သိန်းလို့ပဲ လိုက်ခေါ်တာပေါ့ဗျာ၊ ကျုပ်မေးလိုက်တော့ မောင်သိန်းက ကျုပ်ကို မျက်စောင်းထိုးပြီးကြည့်တယ်ဗျ။
“ခင်ဗျားက မကြုံဖူးလို့ မယုံသေးတာဗျ၊ ကျုပ်ဆို ဒီရွာမှာ ဒါလေးအစွမ်းနဲ့ တော်တော်ခရီးပေါက်နေပြီဗျ”
“လုပ်စမ်းပါအုံးဗျာ၊ ကျုပ်တို့လည်း သိရအောင်ပေါ့ဗျ”
“ခင်ဗျားတို့ဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော်၊ ရွာလယ်မှာ ကုန်စုံဆိုင်ဖွင့်ရောင်းတဲ့ အပျိုကြီး မကပ်စေးကို သိတယ်မဟုတ်လား”
“သိတာပေါ့ဗျာ၊ ကပ်စေးနဲပြီး တော်တော်ကပ်တဲ့သူမို့လို့၊ ငယ်နာမည် မရွှေဝင်;ပျောက်ပြီးတော့ မကပ်စေးဆိုပြီး နာမည်တွင်သွားတာမဟုတ်လား”
မောင်သိန်းက ခေါင်းညိတ်ပြီး
“အေး၊ အဲဒီ မကပ်စေးက ယောက်sm;ယူရင်တောင်မှ သူ့ယောက်sm;ကို ချက်ပြုတ်ကျွေးနေရရင် ကုန်ကျမယ်ဆိုပြီးတော့ ဈေးတွက်တွက်ပြီး လင်မယူဘူးတဲ့ကွာ၊ ခင်ဗျားတို့ထဲကရော မကပ်စေးဆီမှာ အကြွေးတွေဘာတွေ ယူဖူးတဲ့သူရှိလို့လား”
မောင်သိန်းကမေးလိုက်တော့ ကျုပ်တို့သစ်ပင်အောက်က ယောက်ျားလေးတွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးတော့ ခေါင်းခါလိုက်တာပေါ့ဗျာ၊ မကပ်စေးဆိုတာ နာမည်အတိုင်းကို ကပ်စေးလွန်းတာဗျ၊ အကြွေးဆိုရင်လည်း တစ်ခါမှ မပေးဖူးဘူး။ ဒီတော့ မောင်သိန်းက အောင်နိုင်သူအပြုံးနဲ့ လက်မထောင်ပြီးတော့ သူ့ရင်ဘတ်ကိုသူ ထိုးပြတယ်ဗျ။
“မင်းတို့မရဖူးပေမယ့် မကပ်စေးက ငါ့ကိုတော့ အကြွေးလည်းရောင်းတယ်၊ ငါငွေလိုရင်လည်း သူ့ဆီသွားသွားဆွဲနေကျကွ”
“ဗျာ၊ ဟုတ်ရော ဟုတ်ရဲ့လားဗျာ”
“ဒါပေါ့ကွ၊ အဲဒါ ဘာကြောင့်လဲဆိုတော့ မကပ်စေးဆီ ဈေးဝယ်သွားရင် ငါက ဟောဒီအိမ်မြှောင်အမြှီးနှစ်ခွကလေးကို အိတ်ထဲထည့်သွားတယ်၊ ပြီးတော့ သူ့ဆိုင်ရှေ့ရောက်တာနဲ့ အဲဒီအိမ်မြှောင်ကလေးကို ပုတ်ပုတ်ပြီးတော့ မျက်နှာဖွင့်တာကွ။ မကပ်စေးက သူများကိုဆိုရင် အစစ်ပေးဖို့မပြောနဲ့ အလေးတောင်မှ သိပ်ပြီး ပြည့်ပြည့်ချိန်ချင်တာမဟုတ်ဘူး၊ အေး . . . ဒါပေမယ့် ငါဒီလိုလုပ်သွားရင်တော့ ပိုပိုသာသာချိန်ပေးတဲ့အပြင် တစ်ခါတလေ အဆစ်တောင်ထည့်ပေးသေးသဗျာ”
ကျုပ်တို့လည်း မောင်သိန်းစကားကို မယုံပေမယ့် သူပြောနေတော့လည်း ခေါင်းညိတ်ရတာပေါ့ဗျာ။ မောင်သိန်းကဆက်ပြောတယ်။
“ပြီးတော့ အရီးမှုံရဲ့ တူမတို့၊ ဖိုးလေးချိုရဲ့ သမီးတို့ဆိုရင် ငါ့ကိုတော်တော်စွဲနေကြတာကွ၊ ဟီး . . ဟီး၊ ပြောရမှာတော့ မကောင်းဘူးကွာ၊ ငါကလည်း သူတို့နဲ့ဆုံရင် ဟောဒီအိမ်မြှောင်အမြှီးနှစ်ခွလေးကို ပုတ်ပုတ်ပြီး မျက်နှာဖွင့်တယ်၊ တစ်ခါတလေကျရင်လည်း သူတို့မသိအောင်လို့ သူတို့ကိုဒါလေးနဲ့ တို့တို့ပြီး ပြောကြဆိုကြတော့၊ အခုဆိုရင် ငါသူတို့အိမ်ရှေ့ကများဖြတ်မသွားနဲ့ ဖြတ်သွားတာနဲ့ အကိုမောင်သိန်း၊ ကိုမောင်သိန်းဆိုပြီး လှမ်းလှမ်းခေါ်တတ်ကြတာကွာ၊ ငါကလည်း အိမ်ထောင်ပြုဖို့စိတ်ကူးမရှိသေးလို့သာပေါ့၊ စိတ်ကူးရှိလို့ကတော့ တစ်ယောက်ယောက်ဘက်ကို စောင်းလိုက်တာနဲ့ ရပြီပဲဟ”
မောင်သိန်းပြောတာကို ကျုပ်တို့ကာလသားတွေကတော့ ပါးစပ်အဟောင်းသားနဲ့ကြည့်နေကြတာပဲဗျာ၊ သူပြောတာလည်း ဟုတ်နေတာကိုး၊ မောင်သိန်းကလည်း အရီးမှုံတို့၊ ဖိုးလေးချိုတို့အိမ်တွေကို အဝင်အထွက်ရှိတာကိုးဗျ၊ သူပြောတဲ့မိန်းကလေးတွေနဲ့လည်း တတွဲတွဲနဲ့ကိုး။
“အလကားပါမောင်သိန်းရာ”
ကျုပ်တို့ပြောသမျှကို ကွမ်းလေးဝါးပြီး ခေါင်းတညိတ်ညိတ်နဲ့နားထောင်နေတဲ့ ဦးဘသာကြီးက ထပြောတယ်။ မောင်သိန်းကလည်း ဦးဘသာကို ဘုကြည့်ကြည့်တာပေါ့၊ ဦးဘသာက သူဝါးနေတဲ့ကွမ်းသွေးတွေကို ပျစ်ခနဲမြေကြီးပေါ်လှည့်ထွေးလိုက်ပြီးတော့ နှုတ်ခမ်းမှာပေနေတဲ့ ကွမ်းသွေးတွေကို လက်ဖဝါးနဲ့သုတ်လိုက်တယ်၊
“မင်းပြောတာတွေက အလကားတွေပါ မောင်သိန်းရာ၊ ဟိုကောင်မလေးတွေက မင်းကိုခေါ်တယ်ဆိုတာ အလကားခေါ်တာမှမဟုတ်တာ၊ နွားစာစဉ်းခိုင်းဖို့၊ ထင်းခွဲ၊ ထင်းပေါက်ခိုင်းဖို့ ခေါ်ကြတာများ၊ ငါမသိဘူးမှတ်နေသလား”
ဦးဘသာကြီး ပိတ်ပြောလိုက်တော့မှ မောင်သိန်းကမျက်နှာပျက်သွားတယ်။
“ဟာ . . . အဲဒါက၊ ကျုပ်က အလကားမနေတတ်ဘူးဗျ၊ တစ်ခုမဟုတ်တစ်ခုလုပ်နေမှ၊ အလုပ်နဲ့လက်နဲ့မပြတ်နေမှ နေတတ်တာကိုး”
ဦးဘသာက မောင်သိန်းကို “အပိုတွေပြောပြန်ပြီ” ဆိုတဲ့အကြည့်မျိုးနဲ့ကြည့်ရင်း
“ဒါဆို အခုရောအလကားနေတာမဟုတ်ဘူးလား၊ အလုပ်နဲ့လက်နဲ့မပြတ်ချင်ဘူးဆိုရင် ဟောဟိုမှာ လယ်သွားထွန်နေပါလားကွ”
မောင်သိန်းက ပြုံးဖြီးဖြီးနဲ့ခေါင်းကုပ်တယ်ဗျ။
“မကပ်စေးက မင်းကိုအဆစ်ပေးတယ်၊ အကြွေးပေးတာကို မင်းက ကျေနပ်နေပုံပဲ၊ တကယ်တော့ မင်းအမေက မကပ်စေးကို မင်းတို့လယ်သုံးဧက ရောင်းထားတဲ့ငွေတွေ သွားအပ်ထားတယ်မဟုတ်ဘူးလား၊ ဒါကြောင့် မင်းလိုသမျှ ဟိုက ပေးနေတာကွ၊ မကပ်စေးအကြောင်း တစ်ရွာလုံးသိတယ်၊ တစ်ချိန်ကျရင် မင်းအမေအပ်ထားတဲ့ငွေထဲကနေ ပြန်နှုတ်ချင်နေလို့ မင်းကိုပေးနေ ကမ်းနေတာကွ”
ဦးဘသာပိတ်ပြောတော့ မောင်သိန်းဘာမှမပြောနိုင်တော့ဘူး၊ ဒါနဲ့ ကျုပ်လည်း ထမေးလိုက်တယ်။
“ဒါဆို မောင်သိန်းရဲ့ အိမ်မြှောင်အမြှီးနှစ်ခွက မစွမ်းဘူးပေါ့”
ဦးဘသာက ခေါင်းခါပြီး
“ဒီလိုတော့ ငါမပြောချင်ဘူး၊ ဒါပေမယ့် ဒီလိုနည်းလမ်းမျိုးက မဖြူစင်ဘူးကွ”
“ဒါဆို ဘယ်နည်းလမ်းက ဖြူစင်တာလဲ”
ကျုပ်မေးလိုက်တော့ ဦးဘသာက ခေါင်းညိတ်တယ်၊ ဦးဘသာကြီးက ပီယဆေးနည်းများ ပေးမလားဆိုပြီးတော့ အားလုံးက စိတ်ဝင်စားနေကြတာပေါ့ဗျာ။
“ဒီလိုကွ သိဒ္ဓိ ဆယ်ပါးမှာ ပီယသိဒ္ဓိဆိုတာလည်း တစ်ခုအပါအဝင်ပဲကွ၊ ဒါပေမယ့် ဒီသိဒ္ဓိတွေ တစ်မျိုးမျိုးကို ရဖို့က မလွယ်ဘူး၊ သီလ၊ သမာဓိနဲ့ ကျင့်စဉ်တစ်ခုကို ဇွဲရှိရှိ နှစ်ရှည်လများကျင့်ကြံနိုင်မှ ရတာကွ၊ အဲဒီလိုရတဲ့ သိဒ္ဓိမျိုးကျတော့ ဖြူဖြူစင်စင်နဲ့ရထားလို့ဖြူစင်တယ်လို့ခေါ်တယ်”
“နောက်ပြီးတော့ အထက်ပုဂ္ဂိုလ်ကဖြစ်ဖြစ်၊ နတ်မင်;တွေကပဲဖြစ်ဖြစ် ကိုယ်နဲ့ရေစက်ရှိလို့၊ ကိုယ့်ကိုချစ်လို့ ပေးတဲ့သိဒ္ဓိမျိုးလဲရှိတယ်၊ ဒါကတော့ ရှားပါတယ်၊ ဒီလိုသဒိတွေကလည်း ခုနကလိုပဲ နည်းနည်းဖြူစင်တယ်လို့တော့ခေါ်နိုင်တယ်ကွ”
“ဒါဆို မဖြူစင်ဘူးဆိုတာကရော”
“ဆေးနည်း၊ အင်းနည်းတွေနဲ့ လုပ်ထားတဲ့အစီအရင်တွေကျတော့ မဖြူစင်ဘူးပေါ့ကွာ၊ အဲဒီနည်းလမ်းတွေက ကောင်းကျိုးထက် ဆိုးကျိုးပိုများတယ်ကွ၊ အခုပဲကြည့်လေ၊ အိမ်မြှောင်အမြှီးနှစ်ခွကို မင်းဘယ်ကရသလဲ မောင်သိန်း”
“ဘယ်ကရမလဲဗျ၊ အိမ်တိုင်ပေါ်မှာတွေ့တာနဲ့ ရိုက်သတ်ပြီးတော့ ယူထားတာပေါ့”
ဦးဘသာက ခေါင်းညိတ်ပြီး
“အေး၊ အဲဒါပဲကြည့်လေကွာ၊ သူများအသတ်ကိုသတ်ပြီးမှ လုပ်ယူရတဲ့သိဒ္ဓိက ကောင်းတဲ့သိဒ္ဓိဖြစ်မလားကွ”
မောင်သိန်းက သူ့အင်္ကျDအိတ်ထဲက လက်ကိုင်ပုဝါလေးနဲ့ထုတ်ထားတဲ့ အိမ်မြှောင်အမြီးနှစ်ခွကိုထုတ်ကြည့်တယ်။
“ဒါဆို ဒီလိုနည်းလမ်းတွေက မစွမ်းဘူးပေါ့”
“စွမ်းတယ်မစွမ်းဘူးဆိုတာထက်၊ မသိနားမလည်ဘဲ သွားမစမ်းသပ်ကောင်းဘူးကွ၊ ကောင်းကျိုးထက် ဆိုးကျိုးပိုများတယ်၊ ကိုယ်ကအဲဒါကိုလိုချင်ဇောနဲ့ လိုက်လုပ်နေလို့ အချိန်ကုန်၊ လူပမ်းပါတယ်ကွာ၊ မင်းတို့က လူငယ်တွေမို့လို့ စမ်းသပ်ချင်တာကို ငါအပြစ်မပြောပါဘူး၊ ဒါပေမယ့် မကောင်းတဲ့အရာတွေကိုတော့ မစမ်းသပ်တာအကောင်းဆုံးပဲကွ”
ဦးဘသာကပြောဆိုပြီးတော့ ရေနွေးကြမ်းတစ်ခွက်ငှဲ့သောက်တယ်ဗျ၊ ကျုပ်တို့လည်း သူပြောတာကို ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံလိုက်တာပေါ့ဗျာ။
(၂)
တစ်ရက်တော့ ကျုပ်တို့လယ်ထဲအဆင်း မောင်သိန်းက တောင်းတစ်လုံးရွက်ပြီးရွာကထွက်လာတာပေါ့ဗျာ၊ ဒါပေမယ့် လယ်ထဲဆင်းမဲ့ဘက်ကိုမသွားဘဲ ဟိုးတောတန်းဘက်ကို လှည့်ထွက်သွားပါရော၊ ကျုပ်လည်းသိချင်တာနဲ့ လှမ်းအော်လိုက်တာပေါ့။
“မောင်သိန်း၊ လယ်ကဒီဘက်မှာလေဗျာ၊ ခင်ဗျား ထမင်းတောင်းကြီးရွက်ပြီးတော့ တောထဲသွားမလို့လား”
ခံတောင်းကလေးတွေဆိုတာ ကျုပ်တို့ဘက်မှာ ထမင်းဟင်းတွေထည့်နေကျဗျ၊ ဒီတော့ သူ့လက်ထဲကတောင်းကလည်း ထမင်းတွေထည့်ထားတယ်လို့ ကျုပ်ကသိလိုက်တာပေါ့၊ မောင်သိန်းက ကျုပ်ကိုလှည့်ကြည့်ပြီးတော့ ကျုပ်အနားကိုပြေးလာတယ်။
“အနောက်ဘက် တောတန်းထဲမှာ ရသေ့ကြီးတစ်ပါးရောက်နေတာကို မင်းမသိဘူးလားကွ”
“မသိဘူးလေ၊ ကျုပ်ကိုပြောမှမပြောတာ”
“အေးကွ၊ ရောက်တာတော့ တစ်ပတ်နှစ်ပတ်လောက်ပဲရှိအုံးမယ်၊ ရသေ့ကြီးက တောထဲမှာ တရားလာကျင့်တာနဲ့တူပါတယ်ကွာ၊ အဲဒါငါလည်း ထမင်းဟင်းတွေ ကြုံရင်ကြုံသလို သွားလောင်းတယ်၊ အခုလည်း တောထဲသွားမလို့ မင်းစိတ်ဝင်စားရင် လိုက်ခဲ့ပါလား”
ကျုပ်လည်း ဒါမျိုးတော့ နောက်ကျခံလို့မဖြစ်ဘူးလေဗျာ၊ ဒါနဲ့ပဲ အငယ်ကောင့်ကို ကျုပ်သယ်လာတာတွေကို ပေးလိုက်ပြီးတော့ ကျုပ်ကတော့ မောင်သိန်းနဲ့လိုက်လာခဲ့တာပေါ့။
အနောက်ဘက်တောတန်းက တောင်နဲ့ဆက်နေတဲ့တောဗျ၊ အဲဒီတောတန်းဘက်ကိုတော့ လူသူသိပ်မသွားကြဘူးဗျ၊ ဘာလို့လဲဆိုတော့ အဲဒီတောတန်းက တစ်ခါတုန်းက ရွာကသုသန်အဟောင်းဗျ၊ ရွာရွေ့တော့၊ သုသန်လဲရွှေ့လိုက်တာ၊ နှစ်တွေကြာလာတော့ တောတန်းကြီးဖြစ်သွားတာပေါ့ဗျာ။
တောတန်းထဲသွားနေရင်း သိပ်ကြာခင် စေတီပျက်ကလေးရှိတဲ့ ကုန်းတစ်ခုကိုရောက်လာခဲ့ကြတယ်၊ ကျုပတို့ရွာကလူတွေကတော့ အဲဒီနေရာကလေးကို လွမ်းစေတီကုန်းလို့ခေါ်တယ်ဗျ။ အဲဒီလွမ်းစေတီကလေးက ရွာကဆရာတော်တစ်ပါးပျံတော့ တည်ထားတဲ့စေတီကလေးပါ၊ အဲဒီနားက ကုန်းကတော့ အရင်တုန်းက သုသန်ကြီးပေါ့ဗျာ။ လွမ်းစေတီကလေးဘေးနားမှာ တဲအိမ်ကလေးတစ်ခုကိုတွေ့တယ်ဗျ၊ ဝါးနဲ့ခပ်ကြမ်းကြမ်းဆောက်ထားပြီးတော့ ထန်းလက်တွေမိုးထားအဲ့ တဲကလေးဗျ၊ ကျုပ်တို့ရောက်တော့ ရသေ့ကြီးက တူရွင်းတစ်ချောင်းနဲ့မြေကြီးကိုတူးနေတယ်ဗျ။
“ဘရသေ့၊ ဘရသေ့ကို ဆွမ်းလာပို့တာပါ”
ရသေ့ကြီးက လန့်သွားပြီးတော့ လက်ထဲက တူရွင်းကိုပစ်ချလိုက်တယ်ဗျ။
“အေးအေး၊ လာကြ၊ လာကြ”
မောင်သိန်းက တောင်;ထဲက ထမင်းတွေနဲ့ဟင်းတွေကို ရသေ့ကြီးရဲ့ သံပန်းကန်ပြားနဲ့ ချိုင့်တစ်လုံးထဲကို ထည့်ပေးလိုက်တယ်ဗျ။ နောက်တော့ရသေ့ကြီးကို ထိုင်ကန်တော့တာပေါ့၊ မောင်သိန်းကန်တော့တော့ ကျုပ်လည်း လိုက်ကန်တော့ရတာပေါ့ဗျာ၊ ရသေ့ကြီးက အသက်က ငါးဆယ်ကျော်၊ ခြောက်ဆယ်လောက်တော့ ရှိမယ်ဗျ၊ အသားကလည်; မဲလိုက်တာဗျာ၊ အညာသား အသားမဲသလိုမဟုတ်ဘဲ ကုလားကြီးမဲသလိုကို မဲတာဗျ၊ ကိုယ်ပေါ်မှာတော့ အနက်ရောင်သင်္က်န်;ကြီးဝတ်ထားတယ်၊ ဖန်ရေဆိုးသင်္ကန်းဆိုပေမယ့် အနက်ရောင်ဘက် ပိုများတယ်ပေါ့ဗျာ၊ ရသေ့ဆိုပေမယ့် ဒေါက်ချာတွေဘာတွေမရှိပါဘူး၊ ကတုံးပြောင်နဲ့ပဲဗျ။
ကျုပ်တို့ကန်တော့တော့ ဘာမှတောင်ပြန်မပြောဘူးဗျာ၊ ကျုပ်လည်းသိချင်တာနဲ့
“ရသေ့ကြီး၊ တူရွင်းကြီးနဲ့ ဘာလုပ်နေတာလဲဗျ”
“ဩော၊ ဘာမှမဟုတ်ပါဘူးကွာ၊ သစ်ပင်လေးဘာလေးစိုက်မလို့ပါ”
ဒါနဲ့ကျုပ်တို့ပြန်ခဲ့ကြတယ်၊ ခပ်လှမ်းလှမ်းရောက်တော့မှ မောင်သိန်းက ရသေ့ကြီးကိုပြောဖို့မေ့ခဲ့လို့ဆိုပြီး တဲကလေးဆီကိုပြန်ပြေးသွားတယ်ဗျ၊ တဲအရှေ့မှာထိုင်နေတဲ့ ရသေ့ကြီးနဲ့ မောင်သိန်းတို့တိုးတိုးကြိတ်ကြိတ်နဲ့ ပြောနေကြတာပဲဗျာ၊ ကျုပ်နဲ့ကလည်း ပေတစ်ရာလောက်ဝေးတာဆိုတော့ သူတို့ဘာတွေပြောနေသလဲဆိုတာ ကျုပ်လည်းမသိရဘူးပေါ့ဗျာ။ အဲဒီအချိန်မှာပဲ ကျုပ်ဘေးနားမှာရှိနေတဲ့ ချုံက လှုပ်သွားတယ်ဗျ၊ ချုံပင်က ပါးပါးလေးဗျာ၊ အရွက်ကလည်;သိပ်မရှိပါဘူး၊ ချုံပင်က လှုပ်သာလှုပ်သွားတာ လေလည်းမတိုက်သလို ချုံအပေါ်၊ ချုံအောက်မှာ ဘာကောင်မှလည်းမရှိဘူးဗျ။
ကျုပ်လည်း ထူးဆန်းနေတုန်း ချုံပင်က တဖြန်;ဖြန်းနဲ့ သုံးလေးချက်လောက်လှုပ်သွားပါရောဗျာ၊ ကျုပ်လည်; လန့်နေပြီလေဗျာ၊ ဒီနေရာက အရင်တုန်းက သုသန်ဟောင်းကြီး၊ သရဲလည်;ခြောက်တယ်လို့ ပြောကြတယ်မဟုတ်လား။ ကျုပ်ကြည့်နေရင်; ကျုပ်ဘေးနားက သစ်ပင်က သစ်ကိုင်းက တဖြည်းဖြည်းညွှတ်ကျလာတယ်ဗျ၊ သစ်ကိုင်းက လက်သီးဆုပ်လောက်ရှိမှာ၊ ဘာအကောင်မှမမြင်ရဘဲ အကိုင်းက ညွှတ်ကျလာတာဗျာ၊ ဘယ်လောက်ထိညွှတ်သလဲဆိုရင် ကျုပ်ခေါင်းနားလောက်ကိုတောင် ညွှတ်ဆင်းလာတာ၊ ကျုပ်လည်း နေ့ခင်းကြောင်တောင်ကြီး သရဲခြောက်နေပြီလို့သိလိုက်ပြီပေါ့။ ဒီအချိန်မှာပဲ ကျုပ်ပုခုံးကိုလာပုတ်ခံရတယ်။
“အောင်မယ်လေးဗျ”
ကျုပ်လန့်ပြီးလှည့်ကြည့်လိုက်တော့ မောင်သိန်းဖြစ်နေတယ်၊ မောင်သိန်းက ကျုပ်ကိုထူးဆန်;သလိုလိုနဲ့ကြည့်ပြီးတော့
“ငါက အဲဒီလောက်တောင် ကြောက်စရာကောင်းနေလို့လားကွ၊ ကဲ၊ သွားကြစို့ကွာ”
မောင်သိန်းကို ကျုပ်ဘာမှမပြောတော့ဘဲ သူ့အနောက်ကိုပဲ လိုက်ခဲ့တာပေါ့ဗျာ။
ကျုပ်တို့ တောတန်;ထဲကနေထွက်လာတော့ ရွာအဝင်နားမှာ လူတွေစုလို့ဗျ၊ ကျုပ်လည်း သိချင်တာနဲ့အပြေးကြည့်တာပေါ့ဗျာ။ လူတွေက အုံနေလို့ မနည်းတွန်းဖယ်ရတယ်၊ လူတွေအလယ်မှာတော့ ကောင်မလေးတစ်ယောက်က ပက်လက်ကလေးဗျ။
“ဟာ၊ အဲဒါ ဘကြီးထွေးရဲ့ မြေးကလေးမဟုတ်လား”
“ဟုတ်ပါ့”
“သူကဘာဖြစ်လို့အိပ်နေတာလဲ”
“အိပ်နေတာမဟုတ်ဘူး၊ သေနေတာဟဲ့”
“ဗျာ . . .”
“ဟုတ်တယ်၊ လယ်ထဲဆင်းရင်းနဲ့ လယ်တဲဟောင်းကိုဖြိုတော့၊ တဲခေါင်မိုးမှာခွေနေတဲ့ မြွေပွေးက ခုန်ချပြီး ငယ်ထိပ်ကိုပေါက်ထည့်လိုက်တာပဲဟေ့၊ ရွာထဲကလူတွေတွေ့တော့ သေပြီးနေပြီတဲ့ဟ”
“ကျွတ် . . . ကျွတ်၊ နှမြောစရာကြီးဗျာ”
ကောင်မလေးက အခုမှ အသက်ဆယ့်ငါး၊ ဆယ့်ခြောက်လောက်ပဲရှိသေးတာဗျ၊ အပျိုပေါက်အရွယ်လေးပေါ့ဗျာ၊ ကျုပ်နှမြောတယ်ဆိုတာကတော့ သူက ဒီအသက်အရွယ်ကလေးနဲ့ သေသွားတာကိုးဗျ၊ နည်းနည်းအသက်ကြီးလာရင် ကျုပ်တို့တွေ သူ့ကို ပိုးလို့ပန်းလို့ ရတယ်မဟုတ်လား။
ကျုပ်တို့ဆီမှာ အစိမ်းသေတွေသေရင် မီးရှို့တယ်ဆိုပေမယ့် အခုက ဗြုန်းစားကြီးဆိုတော့ စီစဉ်လို့လည်းမရသေးဘူးလေဗျာ၊ နောက်ပြီးရွာပြင်မှာသေရင် ရွာထဲအလောင်းမသွင်;ကောင်းဘူးဆိုတဲ့ အယူအဆကလည်း ရှိလေတော့၊ အဲဒီမိန်းကလေးကို ရွာပြင်မှာပဲ အလောင်းစင်နဲ့ပြင်ထားလိုက်တာပေါ့ဗျာ၊ ဒီနေ့ကလည်း နေ့တစ်ပိုင်းကျိုးတော့မှာမဟုတ်လား၊ တစ်ညထားပြီးတော့ နောက်နေ့ကျရင် မီးသဂြိုဟ်မယ်ပေါ့ဗျာ။
တစ်ရွာလုံးကလည်း စိတ်မကောင်းပါဘူးဗျာ။ ဒါနဲ့ ညနေကျတော့ လယ်ထဲက စောစောတက်ကြတယ်၊ ရွာထိပ်မှာလူသေအလောင်းရှိရင် စောစောပြန်ကြတာထုံးစံပဲမဟုတ်လား။
(၃)
ကျုပ်အိမ်ပြန်ရောက်တော့ အဖေတို့လူကြီးတွေက ဒီကောင်မလေးနာရေးအတွက် ဆွေးနွေးနေပြီဗျ။ ကောင်မလေးဘက်က ချို့တဲ့တာမို့လို့ မီးသဂြိုဟ်ဖို့ကို အရပ်က ကူညီပေးရမှာပေါ့ဗျာ၊ မီးသဂြိုဟ်တယ်ဆိုတာ မြေချသလိုမဟုတ်ဘဲ အကုန်အကျသိပ်များတာ၊ ဒီအလောင်းကြီးတစ်လောင်းလုံး မီးအကုန်ရှို့ဖို့အတွက် ထင်းတွေ၊ လောင်စာတွေ လိုတယ်လေဗျာ၊ ပြီးတော့ မီးသဂြိုဟ်ပေးတဲ့ ကာလသားတွေကိုလည်း အကျွေးအမွေး၊ အသောက်အစားနဲ့လည်; ပြုစုပေးရသေးတာကိုး။ အဖေက အိမ်ထဲဝင်လာတဲ့ ကျုပ်ကိုကြည့်ရင်း
“ဒီကလေးမလေးကို မင်;တို့သေသေချာချာကြပ်မတ်ပြီးတော့ သဂြိုဟ်ပေးလိုက်ကြပါ၊ ငါတစ်ခါတည်းပြောထားမယ်နော်၊ လွဲတာ မှားတာတွေ မလိုချင်ဘူး”
“စိတ်ချပါအဖေရာ”
သေဆုံးသွားတဲ့ ကလေးမရဲ့မိဘတွေကတော့ ဖြေမဆည်နိုင်ဘူးပေါ့ဗျာ၊ အလောင်းကြီးက အသားတွေမဲတက်လာတာနဲ့ သနပ်ခါးတွေဖွေးနေအောင်လူး၊ ပန်းတွေပန်ပြီးတော့ ရွာထိပ်မှာ ပြင်ဆင်ပေးထားလိုက်တာပေါ့ဗျာ။
အဲဒီည ညသန်းခေါင်လောက်ရောက်တော့ တစ်ရွာလုံးကခွေးတွေ အူကြတယ်ဗျ၊ ရွာထိပ်မှာအလောင်းရှိတာဆိုတော့ ဒီလိုခွေးအူတာက မကောင်;ဆိုးဝါးတွေလာတာလားဆိုပြီး တွေးကြောက်နေကြတာပေါ့ဗျာ။
မနက်ရောက်တော့ ကျုပ်တို့လယ်ထဲမဆင်းနိုင်ပါဘူးဗျာ၊ ရွာအနောက်ဘက် ဖုန်းဆိုးကွင်းကြီးထဲကိုသွားပြီးတော့ ဒီကောင်မလေးကို မီးသဂြိုဟ်ပေးလိုက်ကြတာပေါ့၊ လူသေကိုမီးရှို့တာ အတော်ကြာတယ်ဗျ၊ နေ့တစ်ပိုင်းကျော်အောင်ကိုကြာတာ၊ ဒီကြားထဲ လူသေရဲ့အသားစတွေကုန်အောင်ရှို့ရတယ်၊ တံစူးဝါးတွေဘာတွေပါ အကုန်လုံးကို မီးရှို့ပြီးဖျက်ဆီးရတော့တာဗျ။ အားလုံးပြီးသွားတော့ ညနေတောင်စောင်းနေပြီ။
အိမ်ရောက်တော့ တရော်ကင်ပွန်းနဲ့ တစ်ကိုယ်လုံးကိုဆေးရတယ်၊ ဒါကတော့ မကောင်းတာတွေ ကပ်မပါလာအောင်၊ သန့်စင်သွားအောင်ဆိုတဲ့ အယူအဆပေါ့ဗျာ။ ညရောက်တော့ ထမင်းစားသောက်ပြီး အိပ်တာပဲပေါ့၊ ညနက်လာရင် အရင်ညကလိုပဲ ခွေးတွေအူပြန်ရောဗျို့။
နောက်နေ့တော့ မိုးတွေရွာတယ်ဗျ၊ ရွာတာကမှ သည်းသည်းမည်းမည်းကိုရွာတာ၊ ကျုပ်တို့ရွာသား လယ်သမားတွေအလုပ်များကြတဲ့အချိန်ပေါ့ဗျာ၊ ကျုပ်တို့လည်း အလုပ်တွေလုပ်ပြီး ညနေရောက်တော့ပြန်လာခဲ့တယ်၊ နေ့တစ်ပိုင်းလောက်ရွာထားတဲ့မိုးက မောသွားလို့ ခဏနားနေတဲ့ပုံပဲဗျ၊ ဒီအချိန်မှာ ဆေးဆရာဦးမှတ်ကြီးက လွယ်အိတ်လွယ်ပြီး တက်သုတ်ရိုက်ပြေးတယ်ဗျ၊ ကျုပ်လည်းသိချင်တာနဲ့ လိုက်ကြည့်နေတာပေါ့ဗျာ၊ ဦးမှတ်ကြီးအနောက်က မောင်သိန်းအမေကြီးက အမောတကောနဲ့ပြေးနေပြန်ရော၊ ကျုပ်လည်း မောင်သိန်းအမေလက်ကိုလှမ်းဆွဲလိုက်တာပေါ့။
“အရီး . . . အရီး၊ နေစမ်းပါအုံး၊ ဘာဖြစ်လို့ ပြေးနေကြတာလဲ၊ ဘယ်သူဘာဖြစ်လို့လဲ”
“နင့်သူငယ်ချင်းမောင်သိန်း အတော်ဖျားနေလို့ဟ”
“ဖျားတာများ ဆန်းသလား အရီးရာ”
“ဒါတော့ငါလည်းသိတာပေါ့၊ ဒါပေမယ့် ဒီတစ်ခါဖျားတာကဆန်;တယ်၊ ကယောင်ကတမ်းတွေလည်းအော်ပြီးတော့ ကြောက်လဲကြောက်နေတာ၊ ဒါနဲ့ပဲ ဦးမှတ်ကြီးပြေးပင့်ရတာပေါ့၊ သာမန်အဖျားပဲလား၊ အပမှီတာလားတော့ မသိပါဘူး”
အပမှီတယ်ဆိုတာကြားတာနဲ့ ကျုပ်လည်းသိချင်သွားတယ်၊ ဒါနဲ့ သူတို့နဲ့အတူတူလိုက်ပြေးခဲ့တာပေါ့ဗျာ၊ မောင်သိန်းအိမ်ကိုတက်လိုက်တော့ ဆေးဆရာကြီးနဲ့ မောင်သိန်းဆွေမျိုးတွေက ဝိုင်;အုံနေကြတယ်၊ မောင်သိန်းကတော့ အိမ်ထောင့်မှာထိုင်ပြီး တစ်ကိုယ်လုံးကို စောင်နဲ့အုပ်ထားရှာတယ်။
“မလာနဲ့၊ ငါ့အနားမလာနဲ့”
“ဟေ့ကောင်ဘာဖြစ်တာလဲ၊ ငါဆေးဆရာဦးမှတ်ကြီးကွ မင်းကိုကုသပေးဖို့လာခဲ့တာ”
“မလာနဲ့၊ သွား . . . သွား”
ဦးမှတ်ကြီးက မောင်သိန်;အမျိုးတွေကိုလှည့်ကြည့်တော့ အမျိုးထဲက ယောက်ျားနှစ်ယောက်က မောင်သိန်;ကိုဖမ်းချုပ်လိုက်ကြတယ်၊ မောင်သိန်းခြုံထားတဲ့စောင်ကိုဆွဲဖယ်လိုက်တော့ မောင်သိန်းက မျက်လုံးအပြူးသားနဲ့ဗျ။
“မသွားဘူး၊ ဟိုမှာရပ်နေတယ်၊ မသွားဘူး”
မောင်သိန်းက အိမ်ရှေ့တံခါးကိုလက်ညှိုးထိုးရင်း အော်နေတော့တာပဲ၊ ဦးမှတ်ကြီးက ဆေးကြိမ်လုံးကိုထုတ်လိုက်ပြီးတော့ ကြမ်းပြင်ကိုတဗြန်းဗြန်;ရိုက်တယ်။
“ဒါ သွေးရိုးသားရိုးမဟုတ်ဘူး၊ အပမှီတာပဲဟေ့၊ ကဲ မင်းတို့သူ့ကိုချုပ်ထားကြစမ်း၊ ငါမေးစမ်းကြည့်ပါအုံးမယ်”
ဦးမှတ်ကြီးက မောင်သိန်းကိုကြည့်ပြီးတော့
“ကဲ၊ ဒီသူငယ်ကို ဘယ်လိုပုဂ္ဂိုလ်က ဘာကြောင့်များ ပြုစားရန်ရှာထားသလဲဆိုတာ အထင်အရှားပြပါ”
တုန်ခါနေတဲ့ မောင်သိန်းက ခွေကျသွားတယ်ဗျ၊ ပြီးတော့ ဆတ်ခနဲကောက်ထိုင်တယ်၊ မျက်နှာအမူအရာလည်; တော်တော်ပြောင်းသွားတယ်၊ ပိုပြီးသိသာတာကတော့ ဆံပင်ကိုသိမ်;နေတာပဲဗျာ၊ မောင်သန်းရဲ့ဆံပင်က ဘိုကေဆိုပေမယ့် အခုတော့ သူက ဂုတ်နားကဆံပင်ကို လက်နဲ့သပ်ပြီးတင်သလိုလုပ်နေတာ။ ဦးမှတ်ကြီးက တစ်ချက်ကြည့်ပြီးတော့
“နင်ဘယ်သူလဲ”
“ငါ့နာမည် ပိုးဖြူ”
အသံက ခပ်သေးသေးခပ်စာစာပဲဗျ။
“ပိုးဖြူ၊ ဘယ်ကပိုးဖြူလည်;”
ကျုပ်လည်း မသိဘူးလေဗျာ၊ ဒီတော့မှ မောင်သိန်းကပြောတယ်။
“တစ်နေ့က ပိုးထိပြီးဆုံးသွားတဲ့ ဘကြီးထွေးမြေး ပိုးဖြူကိုပြောတာ”
သူကိုယ်တိုင်ပြောမှပဲ ကျုပ်တို့လည်းနားလည်သွားတော့တယ်။ ဦးမှတ်ကြီးက ကြမ်းပြင်ကို ကြိမ်လုံးနဲ့ရိုက်ရင်း
“နင်က သေပြီးပြီမဟုတ်လား ဘာလို့သူ့ကို ဖမ်းစားထားတာလဲ”
“မကျေနပ်လို့ . . . “
“ဘာကိုမကျေနပ်တာလဲ”
“ဒီကောင်ငါ့ကိုစော်ကားလို့ ဒီကောင့်ကိုမကျေနပ်လို့ ပူးထားတာ”
အိမ်ပေါ်မှာရှိနေတဲ့လူတွေအားလုံး အံ့အားသင့်သွားကြတယ်။
“နင့်ကိုဘယ်လိုစော်ကားလို့လဲ”
“ငါ့ကိုနမ်းတယ်၊ နောက်ပြီးတော့ ငါ့ပါးက သနပ်ခါးကိုလည်း ခြစ်ယူတယ်၊ ဒီကောင့်ကို ငါမကျေနပ်ဘူး၊ ဒီကောင့်ကို ငါကိုယ်တိုင်သတ်မယ်၊ ငါကိုယ်တိုင်သတ်မယ်”
အဲဒီလိုပြောပြီးတာနဲ့ မောင်သိန်းက ကိုယ့်လည်ပင်းကိုယ် ပြန်ညှစ်တော့တာပဲဗျာ၊ ဘေးမှာကြည့်နေတဲ့လူက လက်မြန်လို့သာ တော်သေးတာဗျ။ ဒါတောင်မှ အတင်းရုန်းကန်ပြီးတော့ လည်ပင်းကိုညှစ်နေသေးတာ်၊ ဦးမှတ်ကြီးလည်း ချွေးတွေပြန်လာတာပေါ့ဗျာ။
“ဟဲ့ နင့်ကိုငါတို့ ကောင်းရာမွန်ရာရောက်အောင် အမျှပေးမယ်၊ နင်သူ့ဆီကနေထွက်တော့”
“မထွက်ဘူး၊ လုံး၀မထွက်ဘူး”
မောင်သိန်းက အကြောက်အကန်ငြင်းနေတာဗျ၊ ဒါနဲ့ ဦးမှတ်ကြီးလည်း
“မထွက်ရင် ကဲကွာ၊ ကဲကွာ”
မောင်သိန်းကျောကို ကြိမ်လုံးနဲ့တရွှမ်းရွှမ်းမြည်အောင်ရိုက်တာပဲ၊ မောင်သိန်းကလည်း အစကလူးလွန့်နေတာပေါ့ဗျာ၊ နောက်တော့ ဦးမှတ်ကြီးက ဆက်သာရိုက်နေရတယ် မောင်သိန်းက မထုံတတ်တေးနဲ့ ငုတ်တုတ်ကြီးထိုင်နေတာဗျ၊ ဦးမှတ်ကြီးနဖူးမှာဆိုရင် ချွေးသီးချွေးပေါက်တွေက တပေါက်ပေါက်နဲ့ကျနေပါရောဗျာ။
“ထွက်စမ်း၊ မထွက်ရင် နင်ဒီထက် အသားနာလိမ့်မယ်”
“ရိုက်စမ်း၊ ရိုက်စမ်း . . . ငါ့ကိုကြိုက်သလောက်ရိုက်၊ ငါမနာဘူး”
ဦးမှတ်ကြီးကလည်း လွှဲလွှဲပြီးရိုက်တာပဲဗျာ၊ မောင်သိန်းတစ်ကိုယ်လုံး ကြိမ်လုံးရာတွေနဲ့ပြည့်နေတာပဲ၊ မောင်သိန်းကတော့ အပြုံးမပျက်ဘူးဗျ။
“ဟား၊ ဟား ရိုက်စမ်း၊ ရိုက်စမ်း”
ဦးမှတ်ကြီးကလည်း အတော်မောနေပြီဗျ၊ ဟောဟဲ၊ ဟောဟဲနဲ့ကို အသက်ရှူနေရတာ၊ နောက်တော့သူလည်း ဘုရားကျောင်းဆောင်ပေါ်ကိုကြည့်လိုက်တယ်ဗျ၊ ဘုရားသောက်တော်ရေခွက်ကို စွန့်လိုက်ပြီးတော့ မောင်သိန်းကို ရေတွေနဲ့တောက်လိုက်တယ်။
“အောင်မယ်လေး၊ ပူလိုက်တာ”
“ဟဲ့ ပိုးဖြူ၊ နင့်ကိုထွက်တော့လို့ပြောနေတယ်နော်”
မောင်သိန်းက ခေါင်းခါပြတယ်၊ ဦးမှတ်ကြီးက ရေနဲ့ထပ်တောက်တယ်ဗျ၊ မောင်သိန်းခမျာ ကြမ်းပေါ်မှာလူးနေတော့တာ၊ အဲဒီလို ဦးမှတ်ကြီးက ရေနဲ့တောက်လိုက်၊ မောင်သိန်းက လူးလှိမ့်လိုက်နဲ့ နာရီဝက်လောက်သာကြာသွားတယ်၊ သရဲက မထွက်ဘူးဗျို့။
“ဟေ့ကောင်မှတ်ကြီး၊ တော်တော့ကွာ၊ မင်းက သူ့ကိုနှိပ်စက်သလိုဖြစ်နေပြီ”
အဲဒီလိုအော်ပြီးတော့ အိမ်ပေါ်ကိုပြေးတက်လာတာကတော့ ဦးဘသာပဲဗျ၊ ဦးမှတ်ကြီးက ဦးဘသာကိုတွေ့တော့ အနောက်ကိုဆုတ်သွားတယ်၊ ဦးဘသာကတော့ ဘာမှမပြောပါဘူးဗျာ၊ မောင်သိန်းလက်ကိုပြေးဆွဲပြီးထူလိုက်တော့ မောင်သိန်းက ဦးဘသာလက်ပေါ်ကို ယိမ်းပြီးကျသွားတာဗျ၊ ဦးဘသာကလည်း သူ့ကိုယ်လုံးနဲ့ထိန်းထားတာပေါ့။ ပြီးတာနဲ့ ချုံးပွဲချပြီး ငိုတော့တာပေါ့ဗျာ၊ မျက်ရည်တွေဆိုတာ တပေါက်ပေါက်နဲ့စီးကျလာပါရော၊ ဦးဘသာက မောင်သိန်းနဖူးကို အသာသပ်ပေးတယ်ဗျ။
“သမီးဘာဖြစ်ချင်သလဲ”
“သူက သမီးကိုစော်ကားတယ်”
“ဒီကောင်ဘာလုပ်ခဲ့လို့လဲ အမှန်အတိုင်းပြောစမ်းသမီး”
“အဲဒီညက သူတစ်ယောက်တည်း ရွာပြင်ကိုလာတယ်၊ သမီးအခေါင်းကိုဖွင့်ပြီးတော့ နင့်ကိုငါကြိုက်တယ်လို့ပြောပြီး သမီးပါးကိုနမ်းတယ်”
အဲဒီလိုပြောတော့ကျုပ်တို့လည်း အံ့ဩသွားတာပေါ့ဗျာ.
“ဒီကောင်နင့်ကိုတကယ်ပဲ အဲဒီလိုလုပ်တာလား”
“ပြီးတော့ တုတ်တစ်ချောင်းနဲ့ သမီးရဲ့ပါးက သနပ်ခါးကို ခြစ်ချတယ်၊ ခေါင်းမှာပန်ထားတဲ့ ပန်းတစ်ပွင့်ကိုလည်း ယူသွားသေးတယ်၊ သမီးမကျေနပ်ဘူး၊ သမီးဒီကောင့်ကိုမကျေနပ်ဘူး”
“ပြီးခဲ့တာတွေ၊ ပြီးပါစေတော့သမီးရယ်၊ ဦးကြီး ဒီကောင့်ကိုဆုံးမလိုက်တယ်၊ ပြီးတော့ သမီးကိုလည်း ပြန်ပြီးတောင်းပန်ခိုင်းလိုက်တယ်၊ သမီးကျေနပ်တော့နော်၊ သူများကို ရန်ပြုတာမကောင်းဘူးသမီးရဲ့”
ဦးဘသာက ပြောနေရင်းနဖူးကိုလက်နဲ့သပ်ပေးနေတာဗျ။ မောင်သိန်းက မျက်လုံးပြူးတူးကြောင်တောင်နဲ့ကြည့်နေပြီးတော့ နောက်တော့ မျက်လုံးတွေမှိတ်ကျသွားတယ်၊ ခဏကြာတော့မှ ငုတ်တုတ်ကောက်ထိုင်ပြီးတော့ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ဘေးဘီကိုလိုက်ကြည့်တယ်ဗျ။
“ဘာဖြစ်တာလဲ၊ ကျုပ်ဘာဖြစ်တာလဲ”
ဦးမှတ်ကြီးလည်း ဒီတော့မှ လက်မှိုင်ချသွားတာပဲ၊ သူ့လွယ်အိတ်ကြီး သူကောက်လွယ်ပြီးတော့ အိမ်ပေါ်ကနေဆင်းသွားပါရောဗျာ၊ ဒီပွဲမှာ သူဆက်ပြီးမရှိနေသင့်တော့ဘူးလို့ ထင်သွားလို့နေမှာပေါ့။ မောင်သိန်းကို သူ့အမေက ပြေးပြီးမေးတယ်။
“သားလေး၊ နင် သေသွားတဲ့ပိုးဖြူကို သွားနမ်းတယ်ဆို”
မောင်သိန်းခေါင်းငိုက်စိုက်ကျသွားတယ်။ ပြီးတော့ ဆတ်ခနဲခေါင်းညိတ်တယ်ဗျ။ သူ့အမေဆိုရင်လည်; တော်တော်ကိုအံ့ဩသွားတာပေါ့။
“နင်ဘာလို့ အဲဒီလိုလုပ်တာလဲ”
မောင်သိန်းက ခေါင်းကြီးငုံ့ပြီးတော့
“ကျုပ်မှားပါတယ်အမေရာ၊ ကျုပ်ကိုရိုက်စမ်းပါ”
အဲဒီလိုပြောပြီးတော့ ခေါင်းထိုးပေးတယ်ဗျ၊ ဦးဘသာက မောင်သိန်းဆံပင်ကိုဆွဲပြီး ခေါင်းကိုဆွဲလှန်လိုက်တယ်။
“မောင်သိန်း၊ ဒီကိစ္စက မင်းအသားနာရုံနဲ့ ပြီးသွားမယ့် ကိစ္စမဟုတ်ဘူးကွ၊ ပြောစမ်းပါ၊ မင်းအမှန်အတိုင်းပြောစမ်းပါ”
မောင်သိန်းလည်းဒီတော့မှ
“ကျုပ်ပြောပါ့မယ်၊ ပြီးခဲ့တဲ့တစ်ပတ်လောက်က ရွာအပြင်ဇရပ်မှာ ရသေ့ကြီးတစ်ပါးကို ကျုပ်တွေ့လိုက်တယ်၊ သူက ဆေးတွေဖော်စပ်နေတဲ့ ရသေ့ကြီးတဲ့၊ သူက ရွာအနောက်ဘက် တောတန်းမှာနေမယ်ဆိုပြီးတော့ ထွက်သွားတာပဲဗျာ၊ ကျုပ်ကိုလည်း ရွာအကြောင်းတွေမေးသေးတယ်။ ကျုပ်လည်းသိသလောက်ဖြေလိုက်တာပေါ့”
“ဟောတော်၊ ငါလည်းမသိလိုက်ရပါလား”
မောင်သိန်းအမေကပြောတယ်ဗျ၊
“ရသေ့ကြီးက သူရောက်နေတာ ဘယ်သူ့ကိုမှ မပြောပါနဲ့တဲ့၊ နောက်ပြီး ကျုပ်ကိုတစ်ခုပြောသေးတယ်၊ သူလိုအပ်တာကို ကူညီပေးရင် ကျုပ်ကိုလည်းပြန်ပြီးတော့ ကျေးဇူးဆပ်မယ်တဲ့ဗျာ၊ ဒါနဲ့ ကျုပ်လည်း သူ့ကိုစားဖို့သောက်ဖို့ ပို့ပေးရတာပေါ့၊ ပြီးတော့ သူ့ဆီက ပီယဆေးတောင်းကြည့်တာပေါ့၊ အဲဒီအခါကျတော့ ရသေ့ကြီးက အပျိုစင်ရုပ်အလောင်းရဲ့ပါးက သနပ်ခါးရရင် သူလုပ်ပေးမယ်တဲ့”
ဦးဘသာက ခေါင်းညိတ်ပြီးတော့
“ဒါဆိုငါသိပြီ၊ ဒါနဲ့ပဲမင်းက သေသွားတဲ့ပိုးဖြူအလောင်းဆီက သနပ်ခါးကိုယူခဲ့တာပေါ့၊ ဟုတ်သလား”
မောင်သိန်းက ခေါင်းညိတ်တယ်။
“သနပ်ခါးကိုတောင် ဒီအတိုင်းမယူရဘူးတဲ့၊ မသာကြီးရဲ့မျက်နှာကိုသေချာကြည့်ပြီးတော့ နင့်ကိုငါကြိုက်တယ်၊ နင့်ကိုငါချစ်တယ်လို့ သုံးလေးခါပြောရတယ်၊ အဲဒီလိုပြောပြီးရင် စတိအနေနဲ့ ပါးကိုနမ်;ရတယ်။ ပြီးတော့မှ ပါးကသနပ်ခါးကိုတုတ်နဲ့ခြစ်ချရတယ်၊ သေသူပန်ထားတဲ့ ပန်းတစ်ပွင့်ကိုလည်; ယူခဲ့ရသေးတယ်ဗျာ”
“ဒါဆို မင်းအဲဒီပန်;တွေ သူ့ကိုပေးလိုက်ပြီလား”
မောင်သိန်;ကခေါင်းခါပြီးတော့
“ကျုပ်နောက်နေ့တော့သူ့ကိုသွားရှာပါတယ်။ ဒါပေမယ့် မတွေ့ခဲ့ဘူးဗျ၊ ဒါနဲ့ပဲ အဲဒီအထုပ်ကလေးကို အိမ်ကိုပြန်ယူခဲ့တာ။ ဟောဟိုက လွယ်အိတ်ရဲ့ အောက်ဘက်နားမှာ ကျုပ်လက်ကိုင်ပုဝါနဲ့ထုပ်ပြီး သိမ်းထားသေးတယ်”
ဦးဘသာက ကျုပ်ကိုလှမ်းကြည့်တယ်ဗျ၊ ကျုပ်လည်း ထလိုက်ပြီးတော့ မောင်သိန်းပြောတဲ့ လွယ်အိတ်ကိုသွားနှိုက်ပါရော၊ လွယ်အိတ်အောက်နားမှာ အဝတ်ထုပ်ကလေးစမ်းမိလို့ နှိုက်လိုက်တော့ အပြာရောင်လက်ကိုင်ပုဝါကလေး ပါလာတယ်ဗျ။
ကျုပ်လည်း ကိုင်သာကိုင်ရတာ စိတ်ထဲမသတီဘူးပေါ့ဗျာ၊ ဒါနဲ့ ဦးဘသာကြီးကိုပြေးပြီး ပေးလိုက်တယ်၊ ဦးဘသာကြီးက လက်ကိုင်ပုဝါထုပ်ကို သူ့လက်ဝါးထဲမှာ ဖြေကြည့်လိုက်တယ်။
“အောင်မာ၊ ဒီကောင်က တကယ်လုပ်ထားတာပဲ”
လက်ကိုင်ပုဝါထဲမှာ ပန်းကလေးတစ်ပွင့်ရယ်၊ သနပ်ခါးအဖတ်အမှုန့်တွေရယ် တွေ့တယ်ဗျ၊ ထူးဆန်းတာက ရက်တွေကြာနေပေမယ့် ပန်းကလေးကတော့ လန်းနေသေးတယ်။ ဦးဘသာက အဲဒီအထုပ်ကလေးကို မောင်သိန်းအရှေ့ကိုထိုးပေးပြီးတော့
“ကဲ မောင်သိန်း၊ လက်အုပ်ချီလိုက်၊ ပြီးတော့ မင်းသူ့ကိုသေသေချာချာတောင်းပန်စမ်းကွာ”
မောင်သိန်းလည်းလက်အုပ်ချီပြီးတောင်းပန်ပါတယ်။
“ငါနင့်ကိုလုပ်ခဲ့တာတွေအတွက် ငါတောင်းပန်ပါတယ်၊ ငါ့ကိုခွင့်လွှတ်ပေးပါ ပိုးဖြူရာ”
ဦးဘသာက ပန်းကလေးကို သူ့မျက်နှာအနားကပ်လိုက်ပြီးတော့
“ကဲသမီး၊ သူလည်းတောင်;ပန်နေပြီပဲ၊ သမီးကျေနပ်တော့နော်၊ သမီးအတွက် မကြာခင်ရက်လည်လုပ်ပေးမယ်၊ ကောင်းမှုတွေလုပ်ပေးမယ်၊ သမီး အမျှအတန်းယူပြီးတော့ ကောင်းရာမွန်ရာသွားပါတော့ကွယ်”
ဦးဘသာက အဲဒီလိုပြောပြီးတော့ အဲဒီလက်ကိုင်ပုဝါကလေးကို သေသေချာချာပြန်ထုပ်ပိုးလိုက်တယ်ဗျ၊ ပြီးတော့ မောင်သိန်းကိုထိုးပေးလိုက်တယ်။
“ရော့မောင်သိန်း၊ မင်းဒီလက်ကိုင်ပုဝါကလေးကိုယူပြီးတော့ အိမ်ကနေပြေးတော့၊ ရွာကိုနောက်ပြန်လှည့်မကြည့်နဲ့၊ ပြီးရင် ရွာအပြင်က ရိုးချောင်းထဲကိုလွင့်ပစ်ချခဲ့စမ်းကွာ”
မောင်သိန်းက မျက်လုံးပြူးကြီးနဲ့ လက်ကိုင်ပုဝါထုပ်ကိုကြည့်နေတယ်။
“ကျုပ် . . . ကျုပ်မလုပ်ချင်ဘူးဗျာ၊ ကျုပ် ကြောက်တယ်”
“အောင်မာ၊ ညနက်သန်းခေါင် မသာကြီးကို ချစ်တယ်ပြောပြီး သွားနမ်းခဲ့တဲ့ကောင်က အခုကျတော့ ကြောက်တယ်တဲ့လား”
ဦးဘသာက ကြိမ်းမောင်းပြီးတော့ အဲဒီအထုပ်ကလေးကို မောင်သိန်းဆွေမျိုးတွေဘက်ကိုထိုးပေးတယ်၊ ဘယသူမှ အဲဒီအထုပ်ကို ကိုင်ရဲပုံမပေါ်ဘူးဗျာ၊ ကျုပ်လည်း အခြေအနေမဟန်တော့မှန်းသိလိုက်တယ်၊ ဒါနဲ့ ဦးဘသာအနောက်ကနေ အသာကလေးထပြီး တစ်ဖက်လှည့်ဖို့ပြင်နေတုန်းမှာပဲ ဦးဘသာက ကျုပ်ပုဆိုးစကိုဆွဲလိုက်တယ်။
“အလတ်ကောင် . . . “
“ဗျ . . . ဗျာ . . .”
“မင်းပဲသွားလိုက်စမ်းပါကွာ”
“ဟုတ် . . ဟုတ်ကဲ့”
ဦးဘသာက ကျုပ်လက်ထဲကို အထုပ်လေးပေးလိုက်တာနဲ့ ကျုပ်လည်း အိမ်ပေါ်က ဆင်းပြေးတာပဲဗျာ၊ အနောက်ကိုလှည့်မကြည့်ရဘူးဆိုလို့ တစ်ချက်မှမလှည့်ဘူးပေါ့၊ ဒီလိုနဲ့ဒုန်းစိုင်းပြေးရင်း ရွာပြင်ကိုရောက်လာတာပေါ့ဗျာ၊ တစ်မနက်လုံးရွာထားတဲ့မိုးက ညနေတစ်ချီထပ်ရွာပြန်ပါပြီ၊ မိုးကောင်းကင်တစ်ခုလုံးအုပ်ဆိုင်းပြီးတော့ မိုးတွေက သည်းသည်းမည်းမည်းကိုရွာပါရောဗျာ၊
ညနေလည်းဖြစ်ပြန်၊ မိုးကလည်းမှောင်နေတော့ အတော်ကိုမှောင်နေပြီဗျ၊ ရွာပြင်ရိုးချောင်းကိုဖြတ်တဲ့တံတားကလေးဆီရောက်တာနဲ့ လက်ထဲကအထုပ်ကို ရိုးချောင်းထဲကို ပစ်ချလိုက်တော့တာပဲဗျာ။ မိုးလည်းရွာထားတာဆိုတော့ ရိုးချောင်းက ရေတွေစီးနေတာပေါ့၊ လက်ကိုင်ပုဝါ ပြာပြာအထုပ်ကလေးက ရိုးချောင်းရေထဲစီးပြီး မြောသွားတာ မြန်လိုက်တာဗျာ။
ကျုပ်လည်း အပြေးတစ်ပိုင်းနဲ့ လှည့်ပြန်ခဲ့တာပေါ့ဗျာ၊ ဒါနဲ့ တော်တော်ဝေးဝေးလည်း ရောက်ရော အနောက်ကိုတစ်ချက်ပြန်လှည့်ကြည့်မိတယ်ဗျ၊ ရိုးချောင်းကူးတံတားပေါ်မှာ မိန်းကလေးတစ်ယောက် မတ်တပ်ရပ်လို့ဗျ၊ မိုးစက်တွေကြားမှာ သဲသဲကွဲကွဲမမြင်ရပေမယ့်၊ အဲဒီမိန်းကလေးက ပိုးဖြူမှ ပိုးဖြူအစစ်ပဲဗျာ။ ကျုပ်လည်း ကြောက်ကြောက်နဲ့ဆက်ပြေးခဲ့ရတာပေါ့။
“ဒါကြောင့် မလုပ်သင့်တာတွေ မစမ်းသင့်တာတွေ မစမ်းနဲ့လို့ ငါပြောရတာပေါ့ကွာ”
နောက်နေ့ လယ်ထဲဆင်းတော့ ဦးဘသာကြီးနဲ့ အဲဒီအကြောင်းတွေပြောမိသေးတယ်ဗျ။
“အဲဒီရသေ့ကြီးကလည်; တော်တော်ဆိုးဆိုးပဲနော်ဗျ”
“ဒါတမင်သက်သက် မောင်သိန်းကိုချောက်ချသွားတာကွ၊ နောက်ပြီး မောင်သိန်းပြောလိုက်တော့မှ ပိုးဖြူကလေးသေတာ သွေးရိုးသားရိုးမှ ဟုတ်ပါ့မလားလို့ ငါတွေးမိတယ်”
“မြွေပွေးကိုက်မိပြီးသေတာဗျ၊ သွေးရိုးသားရိုးမဟုတ်လို့ ဘာဖြစ်ရမှာလဲဗျာ”
ဦးဘသာက ခေါင်းခါရင်း
“မဟုတ်ဘူးကွ၊ မြွေကိုက်တာတောင်မှ ကိုက်တဲ့မြွေက သွေးရိုးသားရိုးမှဟုတ်ရဲ့လားလို့”
ကျုပ်လည်းအတော်ထူးဆန်းသွားတာပေါ့ဗျာ။
“ဒါဆို ဘယ်သူလုပ်တာလို့ ဦးဘသာထင်သလဲ”
“ငါ့စိတ်ထင် အဲဒီရသေ့ကြီးက ရိုးမှရိုးရဲ့လားလို့ကွာ”
ဦးဘသာက ဘာမှမပြောတော့ဘဲ ရေနွေးခွက်ကိုကောက်ကိုင်လိုက်ပြီး တစ်ခုခုကိုစဉ်းစားရင်း သောက်နေလေရဲ့ဗျာ။
ပြီးပါပြီ။