စုန်းထီးကြီး ဦးဘသာနှင့် လင်ဆိုးမယား မခင်ထား
(၁) “လင်ဆိုးမယား တဖားဖားတဲ့”ဗျ။ ဒီစကားပုံကြားရင်တော့ ကျုပ်တို့အခုထိ မခင်ထားကို မြင်ယောင်နေတုန်းပါပဲဗျာ၊ မခင်ထားက ကျုပ်တို့ရွာသူတော့ မဟုတ်ဘူးဗျ၊ ကျုပ်တို့ဘေးက ပေတောရွာသူပါ၊ တော်တော်ချောလှပြီး ကိုယ်လုံးကိုယ်ပေါက်တောင့်တောင့်တင်းတင်းနဲ့ ကွမ်းတောင်ပန်းတောင်ကို ထိပ်ဆုံးက ကိုင်ရတဲ့မိန်းကလေးတစ်ယောက်ပေါ့ဗျာ၊ နက်မှောင်နေတဲ့ ပိတုန်းရောင်ဆံကေသာက ဒူးခေါက်ကွေးကျော်ပြီး ခြေသလုံးလောက်အထိကိုရောက်နေတာဗျ၊ ဆံပင်၏ကောင်;ခြင်းဆိုတာ ဒါမျိုးနေမှာပေါ့ဗျာ၊ အသားကတော့ သိပ်မဖြူပေမယ့် ခပ်လတ်လတ်တဲ့ဗျ၊ ကိုယ်လုံးကိုယ်ပေါက်ဆိုတာလည်း မင်းကြီးကြိုက်တဲ့ဗျို့၊ စစ်ကိုင်းဂစ်တာရှိတ်ဆိုလား ကာလသားတွေက ခေါ်ကြတာတဲ့ဗျာ၊ မခင်ထားတို့ ညနေဘက်ရေခပ်ဆင်;တဲ့အချိန်ဆို ကျုပ်တို့ရွာက ကာလသားတွေကတောင်မှ ပေတောရွာကို တကူးတကသွားပြီး ချောင်းကြည့်ရသတဲ့၊ ပေတောရွာကလူတွေဆိုရင် သူ့ထက်ငါအလုအယက် မခင်ထားကို လိုချင်ကြသတဲ့ဗျာ၊ အသက်ကြီးကြီး သူကြီးမင်းကစလို့ အိမ်ထောင်သည်တွေသာမက၊ လူပျိုလူလွတ်တွေပါ မခင်ထားကို ရမယ်ဆိုလို့က အသေရရ အရှင်ရရပဲတဲ့ဗျို့၊ ကိုင်း၊ အဲဒီလောက်ကို အမွှန်းတင်ကြတာဗျာ။ ဒါပေမယ့် ကျုပ်တို့နဲ့သိတဲ့မခင်ထားက…