နတ်မိစ္ဆာဖမ်းဆရာခမ်းနှင့် တော်ဝင်ဝရမ်းပြေး
အပိုင်း (၂) “ဟား၊ ဟား၊ ခင်ဗျားအလှည့်ပြီးပြီ၊ ဒီတစ်ခါ ကျုပ်အလှည့်” ငခမ်းက နန္ဒလက်ထဲတွင်ကိုင်ထားသည့် ဓါးကိုညာလက်ဖြင့်ဖမ်းဆုပ်လိုက်ပြီး ချိုးချထည့်လိုက်သည်။ ဓါးမှာ ထက်ပိုင်းကျိုးကျသွားလေသည်။ နန္ဒအံ့သြနေသည့်အချိန်မှာပင် ငခမ်းက နန္ဒ၏ လည်ပင်းကို ပါးစပ်ဖြင့်ကိုက်ထည့်လိုက်သည်။ ငခမ်းက ကိုက်ဆွဲထည့်လိုက်ရာ နန္ဒ၏လည်ပင်းကြီးပွင့်ထွက်သွားပြီး သွေးများပန်းထွက်လာလေသည်။ ငခမ်းက ထိုသွေးများကို ပါးစပ်ဖြင့်စုပ်ယူနေလိုက်သည်။ “ကောင်းလိုက်တာ၊ အရသာရှိလိုက်တာ” ငခမ်းဘာအရသာမှ မရတော့သော်လည်း လတ်လတ်ဆတ်ဆတ်သွေး၏ အရသာကတော့ ချိုမြိန်လှသည်။ ငခမ်းလည်း အားရပါးရစုပ်နေသည်မို့ နန္ဒမှာ တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ခါနေပြီးနောက် ငြိမ်သက်သွားလေသည်။ သူ့တစ်ကိုယ်လုံး ဖြူဖပ်သွားလေတော့သည်။ ငခမ်းက သွေးကုန်သွားသည့်အခါ နန္ဒအလောင်းကို မြေပြင်ပေါ်သို့ပစ်ချလိုက်သည်။ နန္ဒ၏နောက်လိုက်များက ငခမ်းအား အံ့သြစွာဖြင့်ကြည့်နေကြလေသည်။ နောက်တော့ မြင်းစီးသမားများမှာ အကုန်ထွက်ပြေးကုန်သည်။ စားတဲကြီးအတွင်းရှိ ဓါးသမားများမှာလည်း ထွက်ပြေးကုန်ကြသည်။ “အကိုကြီး၊ အကိုကြီး” အနောက်မှ…