နတ်မိစ္ဆာဖမ်းဆရာခမ်း နှင့် ခေါင်းနှစ်လုံးနှင့်ကျား
အပိုင်း (၂) “ညီလေး မအိပ်သေးဘဲ ဘာလုပ်နေတာလဲကွ” အနောက်မှအသံကြားသဖြင့် ငခမ်းထိတ်လန့်သွားသည်။ ကျားမုဆိုးဘတိုးက သူ့အနီးသို့ လမ်းလျှောက်လာလေသည်။ “ကျုပ်၊ ခေါင်းနှစ်လုံးနဲ့ ကျားကြီးကို မမြင်ဖူးလို့ အနီးကပ်လာကြည့်တာပါဗျာ” “သိပ်လည်းအနီးမကပ်နဲ့အုံးကွ၊ ဒီကောင်ကြီးက တောရိုင်းကောင်ကြီးဆိုတော့ ဘယ်အချိန်စိတ်ထဖောက်မလဲဆိုတာ မသိနိုင်ဘူးကွ” ဘတိုးက ခေါင်းနှစ်လုံးနှင့် ကျားကြီးအနီးသို့ လမ်းလျှောက်သွားလေသည်။ “အကိုဘတိုးရော ဘာလုပ်မလို့လဲ” “အပေါ့သွားချင်လို့ကွ” ထို့နောက် ဘတိုးက ခါးစည်းကြိုးကိုဖြေလိုက်ပြီး သူဝတ်ထားသည့်ဘောင်းဘီကို ချွတ်ချလိုက်ကာ ကျားကြီး၏ မျက်နှာအနီးတစ်ဝိုက်သို့ သေးဖြင့်ကော့ပန်းတော့သည်။ ငခမ်းလည်း နားမလည်နိုင်သဖြင့် မျက်လုံးအပြူးသားနှင့်ကြည့်နေလေသည်။ အသေးလေးက အသံတိုးတိုးကလေးဖြင့် “ကျားကတော့ တော်တော်ဒေါသထွက်နေပြီဟေ့” “အကိုဘတိုး အဲဒါဘာလုပ်တာလဲဗျ” “ဒါက အကြောင်းရှိတယ်၊ နာမ်နှိမ်တယ်ဆိုတဲ့သဘောပဲကွ၊ ကိုယ်ဖမ်းလာတဲ့အကောင်ကို လိမ်မာယဉ်ကျေးသွားအောင်၊ နောက်ပြီးတော့ သူ့သခင်ကိုကြောက်အောင်လို့ ဒီလိုမျိုးသေးနဲ့ များများပန်းပေးရတယ်ကွ၊ ဟား၊ ဟား”…
Read More “နတ်မိစ္ဆာဖမ်းဆရာခမ်း နှင့် ခေါင်းနှစ်လုံးနှင့်ကျား” »